Connect with us

North America

ဒီမိုကရက်တစ် ပါတီတွင်း ရွေးကောက်ပွဲ၌ နယူးယောက်တွင် ဟီလာရီကလင်တန် အနိုင်ရ

ပါတီတွင်း မဲဆွယ်ပွဲတစ်ခုတွင် ဟီလာရီကလင်တန် အားတွေ့ရစဉ် ( ဆင်ဟွာ )

ဝါရှင်တန် ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ )

၂ဝ၁၆ ခုနှစ် ဧပြီလ ၁၉ ရက်က နယူးယောက်တွင် ပြုလုပ်ခဲ့သော ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ရွေးချယ်ပွဲတွင် ဟီလာရီ ကလင်တန်သည် ပြိုင်ဘက် ဘာနီဆန်းဒါစ်ထံမှ ထင်မှတ်မထားလောက်အောင် အင်အားပြင်းသည့် စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့သည်။

အစောပိုင်း ရလဒ်များတွင် ၅၅ ရာခိုင်နှုန်းသော ရေတွက်ပြီး ဆန္ဒမဲများအရ ကလင်တန်က ဆန်းဒါးစ်အပေါ် ၂၀ ရာခိုင်နှုန်း အသာ ရရှိထားသည်။ နယူးယောက်ရှိ ပါတီတွင်း မဲပေးခွင့် ရှိသူ ကိုယ်စားလှယ်၂၄၇ နေရာတွင် ဟီလာရီ ကလင်တန်သည် အများစုထံမှ မဲရနိုင်ဖွယ် ရှိနေပြီး ဆန်းဒါးစ်ရှေ ့မှ ဆက်လက် ဦးဆောင်သွားနိုင်မည့် အနေအထား ရှိသည်။

အခြားသော ဒီမိုကရက်တစ် ပါတီ ပါတီတွင်း ရွေးချယ်ပွဲများနှင့် စည်းဝေးပွဲများ နည်းတူ နယူးယောက်တွင် ပြုလုပ်ခဲ့သော ယှဉ်ပြိုင်ပွဲသည် မဲပေးခွင့်ရှိသူ ပါတီ ကိုယ်စားလှယ် နေရာများအား အချိုးကျ ပါဝင်ခွင့် ရရှိစေသည်။ ကလင်တန်သည် ဧပြီလ ၁၉ ရက် ယှဉ်ပြိုင်ပွဲတွင် မဲပေးခွင့် ရှိသူ ပါတီဝင် ၁,၄၁၁ မှ ၁,၁၇၉ ဖြင့် ဆန်းဒါးစ် ရှေ့မှ ဦးဆောင်နေခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းသမားများ၏ ရေတွက်မှု အရ သိရသည်။

ပါတီ သမ္မတလောင်း ရွေးချယ်မှုတွင် အနိုင်ရရန် ရွေးချယ်ခံသူများ အနေဖြင့် ပါတီကိုယ်စားလှယ် ၂,၃၈၃ နေရာ အနိုင်ရထားရန် လိုအပ်ပြီး ၎င်းအရေအတွက်တွင် မဲပေးနိုင်သော ပါတီဝင် ၊ မဲပေးခွင့်မရှိသော ပါတီဝင် နှစ်မျိုး စလုံးပါဝင်နေသည်။ မဲပေးခွင့် မရှိသော ပါတီဝင်များသည် အံ့သြစရာ ကောင်းလောက်အောင်ပင် ကလင်တန်အား ထောက်ခံလျက် ရှိကြသည်။

ကလင်တန်သည် နယူးယောက်တွင် ယခုကဲ့သို့အနိုင်ရလိုက်ခြင်း အားဖြင့် နှစ်ပတ်ကြာမြင့်ခဲ့ပြီး ဖြစ်သည့် ဆန်းဒါးစ် နှင့် အပြန်အလှန် တိုက်ခိုက်နေမှုများ ကို အဆုံးသတ် သွားစေခဲ့သည်။ ဆန်းဒါးစ်သည် ယခင်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်ခဲ့ဖူးသည့် ဟီလာရီ အား ဆုံးဖြတ်နိုင်စွမ်း အပေါ် ဆက်တိုက်မေးခွန်းထုတ်ခဲ့ပြီး ကလင်တန်မှ ဘဏ်ကြီးများ အတွက် အခကြေးငွေယူပြောကြားပေးခဲ့သည့် မိန့်ခွန်း မူရင်းများ မထုတ်ပြန်ခြင်း အပေါ် စွပ်စွဲ ပြစ်တင်ထားသည်။

ယခင်ပါတီတွင်း ယှဉ်ပြိုင်ပွဲ ခုနှစ်ခုတွင် ၆ ကြိမ်တိုင်တိုင် သူမအား အနိုင်ယူခဲ့သည့် ဆန်းဒါးစ်အား ပြိုင်ပွဲ လမ်းကြောင်းပေါ်မှ လွဲချော် စေရန်အတွက် ကလင်တန်က ဆန်းဒါးစ်၏ ကိုယ်ဝန်ဖျက်ချခွင့်နှင့် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးတို့တွင်မဲပေးခဲ့သည့် မှတ်တမ်းများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။ ( Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117