Culture & Entertainment
ရွှေစည်းခုံ စေတီရှိ ဘုရင့်နောင် ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်ရန် ယူနက်စကိုသို့ မေလကုန်၌ တင်သွင်းမည်
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ရွှေစည်းခုံစေတီ ရင်ပြင်တော်ရှိ ဘုရင့်နောင် မင်းတရားကြီး၏ ကုသိုလ်တော် ခေါင်းလောင်းကြီးမှ ခေါင်းလောင်းစာကို ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းဝင် ဖြစ်လာ စေရန် ယူနက်စကိုသို့ မေလကုန်တွင် တင်သွင်းသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ထံမှ သိရသည်။
အဆိုပါ ဘုရင့်နောင် ခေါင်းလောင်းစာကို လာမည့်နှစ်တွင် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းဝင် အဖြစ် ထည့်သွင်း သတ်မှတ်နိုင်ရန် မေလကုန်တွင် စာရင်းသွင်းရခြင်း ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် မှတ်တမ်းတင်သွင်းသည့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ သမိုင်းအဖွဲ့ဝင်များ၊ ဌာနတွင်းပညာရှင်များ၊ ပြင်ပ ပညာရှင်များနှင့် ပူးပေါင်းကာ ပြင်ဆင် ဖြည့်စွက်ပြီး ဖြစ်သည်။
ဘုရင့်နောင် ခေါင်းလောင်းစာသည် မြန်မာသက္ကရာဇ် ၉၁၇ (အေဒီ ၁၅၅၇)တွင် သွန်းလုပ် လှူဒါန်းခဲ့ကာ မွန်၊ ဗမာ၊ ပါဠိ သုံးဘာသာဖြင့် ရေးထိုး ထားခြင်းဖြစ်ပြီး ယင်းစာများတွင် ဘုရင့်နောင်၏ သာသနာပြုပုံ မှတ်တမ်း ရက်စွဲများကို တိကျစွာ ဖော်ပြ ထားသည်။ (Xinhua)