Connect with us

Culture & Entertainment

နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိသော မြောက်ကျောင်းတော်ကြီး စာသင်တိုက်ကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန် အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ မြောက်ကျောင်းတော်ကြီး အား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ် နိဗ္ဗာန်ရွာရှိ နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိသော မြောက်ကျောင်း တော်ကြီး စာသင်တိုက်ကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန် အဖြစ် သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြောက်ကျောင်း တော်ကြီး စာသင်တိုက်ကို ကျောင်းထိုင် ဆရာတော် ဦးဥတ္တမက စတင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနသည် နှစ် ၁ဝဝ အထက် သက်တမ်းရှိသော အဆောက်အအုံ များကို ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေဖြင့် ကာကွယ် စောင့်ရှောက်မှု ပေးထား သောကြောင့် မြောက်ကျောင်းတော်ကြီး စာသင်တိုက် သည်လည်း ရှေးဟောင်း သုတေသန ဦးစီးဌာန၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင် ရှိကြောင်း၊ လက်ရှိတွင် ထိုကျောင်းတော်ကြီးကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန် အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ကျွန်းတိုင်လုံးပေါင်း ၁၂ဝ ကျော်ဖြင့် တည်ဆောက် ထားသော အဆိုပါ နှစ်ထပ် ကျောင်းတော်ကြီးရှိ အပေါ်ထပ် နံရံများ၌ မြန်မာ့ဗုဒ္ဓဝင် ဇာတ်တော်ကြီးများကို ပန်းကနုတ် ဖော်ထားသည့် အပြင် တခြားသော မြန်မာ့ ရှေးဟောင်း လက်ရာများစွာကိုလည်း တန်ဆာဆင် ထားသည်။

အဆိုပါ ကျောင်းတော်ကြီးသည် မြန်မာ့ ရှေးဟောင်း အနုပညာ လက်ရာ များစွာကို မြင်တွေ့နိုင်သော ရှေးဟောင်း သမိုင်းဝင် ဘုန်းကြီးကျောင်း ဖြစ်သော်လည်း လာရောက် လေ့လာသူ နည်းပါး နေသေးကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.