Connect with us

Europe

AIIB က ပြီးပြည့်စုံသည့် ငွေကြေး တည်ဆောက်မှု ပုံစံ ဖြစ်ကြောင်း ပူတင် ချီးကျူး

ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ယာ)နှင့် AIIB ဥက္ကဋ္ဌ ကျင်းလိချွမ် (ဝဲ) တို့ မေလ ၁၈ ရက်က ရုရှားနိုင်ငံ ဆိုချီမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုချီ၊ မေ ၂၀ ရက် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သည် လက်ရှိ နိုင်ငံတကာ ငွေကြေးဆိုင်ရာ တည်ဆောက်မှု ပုံစံ တစ်ခုဖြစ်ကြောင်း AIIB ၏ လုပ်ထုံးလုပ်နည်း နှင့်ပတ်သက်၍ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ချီးကျူး ပြောကြားလိုက်သည်။

သမ္မတ ပူတင်က ရုရှားနိုင်ငံ Black Sea အပန်းဖြေမြို့ ဆိုချီသို့ ရောက်ရှိနေသည့် AIIB ဥက္ကဋ္ဌ ကျင်းလိချွမ်နှင့် တွေ့ဆုံစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“ဒီဘဏ်ဟာ အာရှ- ပစိဖိတ် ဒေသအတွင်း အခြေခံ အဆောက်အအုံ နယ်ပယ်၌ အဓိက ထိရောက်စွာ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပူတင်၏ ပြောကြားချက်အား ကိုးကား၍ ကရင်မလင် အွန်လိုင်း မှတ်တမ်းက ဖော်ပြ ထားသည်။ထို့ပြင် AIIB အနေဖြင့် Siberian ပြည်နယ် ဖြတ်ကျော် ရထားလမ်း ချဲ့ထွင်ခြင်း၊ မြောက်ပိုင်း ပင်လယ် လမ်းကြောင်းနှင့် ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ အထူးစီးပွားရေး ဇုန်များ စသည်တို့ အပါအဝင် ရုရှားရှိ စီမံကိန်းများ တွင်လည်း လုပ်ကိုင်နိုင်ကြောင်း ပူတင်က အကြံပြုထားသည်။

AIIB ဥက္ကဋ္ဌ ကျင်းလိချွမ် ကလည်း AIIB အား ရုရှားက ထောက်ပံ့မှု ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ဘဏ်၏ အစုရှယ်ယာဝင်များ အတူတကွ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ခြင်းဖြင့် ပိုမို ထိရောက်မည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဘက်စုံ ငွေကြေး အဖွဲ့အစည်း အသစ်အဖြစ် ရုံးချုပ်အား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဖွင့်လှစ်ထားပြီး အာရှအတွင်း အခြေခံ အဆောက်အအုံ စီမံကိန်းများအား ထောက်ပံ့ပေးရန် ရည်ရွယ်ထား ကြောင်းနှင့် မူလ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ ရှိပြီး အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.