Connect with us

Europe

ပျောက်ဆုံး လေယာဉ်အား ရှာဖွေရန် ပူးတွဲကယ်ဆယ်ရေးအဖွဲ့ စတင်လုပ်ဆောင်

အီဂျစ်လေကြောင်းမှ Airbus 320 လေယာဉ်တစ်စီးကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၁၉ ရက် (ဆင်ဟွာ)

မေလ ၁၈ ရက် အစောပိုင်းကတည်းက ပျောက်ဆုံးနေသော အီဂျစ်လေယာဉ်အား ရှာဖွေရန် ပူးတွဲကယ်ဆယ် ရေးအဖွဲ့ စတင်လုပ်ဆောင်နေပြီး ဖြစ်ကြောင်း အီဂျစ် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အီဂျစ်နိုင်ငံနှင့် ဂရိနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိ၌ ဂျက်လေယာဉ်များဖြင့် ရှာဖွေရေး လုပ် ငန်းများ လုပ်ဆောင်နေကြောင်း၊ အီဂျစ် စစ်တပ်ကလည်း လေယာဉ် ပျောက်ဆုံးသွားသည့် နေရာ၌ ကယ်ဆယ် ရေးလှေများ စေလွှတ်ထားကြောင်း သိရသည်။ အဆိုပါ အီဂျစ်လေယာဉ်ပေါ်၌ အီဂျစ်နိုင်ငံသား ၃၀ ဦး၊ ပြင်သစ်နိုင်ငံသား ၁၅ ဦးနှင့် အခြားနိုင်ငံသား ၁၁ ဦးပါ ဝင်ခဲ့ကြောင်း လေကြောင်းလိုင်းက ၎င်း၏ တွစ်တာ အကောင့်၌ ပြောကြားထားသည်။ အခြားနိုင်ငံသားများအနက် ဗြိတိန်လူမျိုး ၁ ဦး၊ ဘယ်လ်ဂျီယံလူမျိုး ၁ ဦး၊ အီရတ်လူမျိုး ၂ ဦး၊ ကူဝိတ်လူမျိုး ၁ ဦးနှင့် ဆော်ဒီလူမျိုး ၁ ဦးတို့ ပါဝင်ခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။ လေယာဉ် Airbus 320 ကတင်ဆောင်လာသည့် ခရီးသည် ၆၆ ဦးအနက် ကလေး ၁ ဦး၊ မွေးကင်းစ ကလေး ၂ ဦးနှင့် လုံခြုံရေး ဝန်ထမ်း ၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ၂၀၀၃ ခုနှစ်၌ ထုတ်လုပ်ခဲ့သည့် အဆိုပါ လေယာဉ်မှာ ဒေသစံတော်ချိန် ည ၁၁း၀၉ နာရီတွင် ၃ နာရီနှင့် ၄၅ မိနစ်ကြာ ခရီးစဉ်အတွက် မေလ ၁၈ ရက်က ပဲရစ် ချားလ်စ် ဒီ ဂေါလ် (Charles de Gaulle) လေဆိပ်မှ ထွက်ခွာလာခဲ့သည်။ ထိုသို့ ပျောက်ဆုံးနေသည့် လေယာဉ်အား အီဂျစ်စစ်လေယာဉ်များနှင့် ဂရိ စစ်လေယာဉ်များ အပါအဝင် တာဝန်ရှိသူ များနှင့် စစ်ဆေးရေးအဖွဲ့ကလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.