Videos
ရန်ကုန်စတော့ အိတ်ချိန်း၌ ဒုတိယ အစုရှယ်ယာ ရောင်းချသော သီလဝါ ကုမ္ပဏီ၏ အစုရှယ်ယာများ ဝယ်လိုအား မြင့်တက်
ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)
ရန်ကုန် စတော့အိတ်ချိန်း (YSX) ၌ ယနေ့ စတင် ရောင်းချသော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ အစုရှယ်ယာများ ဝယ်လိုအား မြင့်တက်လျက် ရှိကြောင်း ယနေ့ ဖွင့်ပွဲ အခမ်းအနားထံမှ သိရသည်။
အဆိုပါ ကုမ္ပဏီမှ ယနေ့ ရောင်းချသော အစုရှယ်ယာ အရေအတွက်သည် အစုရှယ်ယာ ၅,၀၀၀ သာရှိပြီး အစုရှယ်ယာ ဝယ်လိုသည့် အရေအတွက်သည် ငါးသိန်းခန့်ရှိသည်။
ယနေ့ သီလဝါ အထူးစီးပွားရေးဇုန်မှ စတင် ရောင်းချသော အစုရှယ်ယာသည် ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၄၀,၀၀၀ ဖြင့် စတင် ရောင်းချရာတွင် အစုရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၅၀,၀၀၀ အထိ မြင့်တက်သွားသည်။ (Xinhua)