Connect with us

Videos

အိန္ဒိယနိုင်ငံက ပလက်ဖောင်းစာသင်ကျောင်း

နယူးဒေလီ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မစ္စတာ ရှီယန် ဘီဟာရီ ပရာဆတ်ဆိုသူသည် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ ပလက်ဖောင်းစာသင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပညာသင်ကြားလိုသူ ဆင်းရဲနွမ်းပါး ကလေးငယ်များကို ပညာဆက်လက် လေ့လာနိုင်စေရန်ဖြစ်သည်။
ကိုယ်ပိုင်အလုပ်မှ အနားယူပြီးနောက် မစ္စတာ ပရာဆက် သည် ဘုရားကျောင်းအနီးနားသို့ မကြာခဏ လာရောက်လည်ပတ်ရာမှ မြေပေါ်တွင် ဆော့ကစားနေသော ကလေးငယ်များကို မြင်တွေ့ ခဲ့သည်။ တစ်ခါတစ်ရံ တွင် ကလေးငယ်များအတွက် သကြားလုံးများကိုပင်ဝယ်လာဝေငှတတ်သည်။ ထို့နောက် ထိုကလေးများအတွက် ပိုမိုကောင်းမွန်သည့် အစီအမံများကိုဆောင်ရွက်ပေးရန် စဉ်းစားမိသည်။ ထို့ကြောင့် မစ္စတာ ပရာဆတ်မှာ အနီးနားရှိ ဆင်းရဲသားကလေးငယ်များအတွက် အခမဲ့ ပလက်ဖောင်းစာသင်ခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ကျောင်းသားအများစုမှာ အစိုးရကျောင်းများတွင် ကျောင်းတက်ရောက်နေကြသူများဖြစ်သောလည်း ကျောင်းချိန်ပြင်ပတွင် ၎င်းတို့စာလေ့လာရန် အတွက်မူ အခွင့်အရေးနည်းပါးကြသောကြောင့် ပလက်ဖောင်းစာသင်ခန်းသည် ထိုကလေးငယ်များအတွက် အကောင်းမွန်ဆုံးရွေးချယ်မှုလည်းဖြစ်သည်။ မနက်ခင်းတိုင်းကျောင်းသား ၃ဝ နှင့် ၄ဝ ကြားတို့သည် ပလက်ဖောင်းစာသင်ကျောင်းသို့လာရောက် သင်ယူလေ့လာကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.