Connect with us

Videos

တရုတ်နိုင်ငံ တွင် ရင်ချင်းဆက်အမွှာတစ်စုံကို အောင်မြင်စွာခွဲစိတ်

လန်ကျိုး ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဝမ်းဗိုက်နှင့် ရင်ချင်းဆက်အမွှာတစ်စုံကို တရုတ်နိုင်ငံ ကန်းစုပြည်နယ်လန်ကျိုးမြို့ဆေးရုံတွင် ဆရာဝန်များက ဇွန်လ ဆန်းပိုင်း က ၃ နာရီခွဲအကြာ ခွဲစိတ်အောင်မြင်ခဲ့ကြောင်းသိရသည်။ ထိုသို့ခွဲစိတ်မှုမှာ ကန်းစုပြည်နယ် တွင် ပထမဆုံးအကြိမ်ခွဲစိတ်မှုဖြစ်ပြီး ခွဲစိတ်ဆရာဝန်(၈) ဦး ပါဝင်သည့် အဖွဲ့က ခွဲစိတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ခွဲစိတ်မှုအပြီးတွင် အမွှာ ညီအမနှစ်ဦးတို့မှာ ခွဲစိတ်ထားသည့်ဒဏ်ရားများကျက်ကာ ၊ ကျန်းမာရေးကောင်းမွန်ပြီး မိခင်နို့သောက်စို့နိုင်နေပြီဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ICU မှ ပြောင်းရွှေ့ပေးခဲ့ပြီး မကြာခင်ရက်များ အတွင်း ဆေးရုံက ဆင်းနိုင်တော့မည်ဖြစ်သည်။ ညီအမ ၂ ဦးတို့မှာ အစားစားရန် နှင့် အသက်ရှူရန်တို့တွင် မည်သည့်ပြဿနာမှဖြစ်တော့မည်မဟုတ်ဘဲ ကျန်းမာစွာနေထိုင်သွားနိုင်တော့မည်ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် ဆွစ်ဇာလန်ဆရာဝန်များက (၈)လသားအရွယ် အမွှာကလေးငယ်များကို အောင်မြင်စွာခွဲစိတ်ပြီး အသက်အငယ်ဆုံးရင်ချင်းဆက်အမွှာခွဲစိတ်မှုအဖြစ်မှတ်တမ်းတင်ခဲ့ကြသည်။( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.