Connect with us

Asia

မဲခေါင်နိုင်ငံများ အကြား လယ်ယာမြေဆိုင်ရာ စီမံအုပ်ချုပ်မှု အတွေ့အကြုံ မျှဝေခြင်း ဖိုရမ် ဗီယက်နမ်တွင် ပြုလုပ်

မဲခေါင်ဒေသ လယ်ယာမြေ ဖိုရမ် ၂၀၁၆ အား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဇွန်လ ၂၁ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများ အပါအဝင် မဲခေါင်နိုင်ငံများသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဇွန်လ ၂၁ ရက်က စတင် ကျင်းပသည့် လယ်ယာမြေဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် သက်ဆိုင်သည့် ပထမဆုံး မဲခေါင်ဒေသ မြေယာဖိုရမ်၌ အတွေ့အကြုံများ မျှဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်သည် မဲခေါင် ဒေသတွင်းရှိ တစ်နိုင်တစ်ပိုင် လယ်သမားများ၊ လူနည်းစု အဖွဲ့များနှင့် အမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အဓိက လယ်ယာမြေ စီမံအုပ်ချုပ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ အတွေ့အကြုံ မျှဝေခြင်းနှင့် သင်ခန်းစာများ လေ့လာခြင်း စသည်တို့ အတွက် ကဏ္ဍသစ် ဖန်တီးပေးရန် ရည်ရွယ်ထားသည်။
ယင်း ဖိုရမ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံရှိ လယ်ယာမြေ စီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးခြင်း နှင့် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဒေသတွင်းရှိ အခြား နိုင်ငံများမှ ဆန်းသစ်သော အတွေ့အကြုံ မျှဝေခြင်းများအား အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။
သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ ဖိုရမ်သို့ အစိုးရ ကိုယ်စားလှယ်များ၊ ပညာရှင်၊ လူထုအခြေပြု အဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍ၊ ဖွံ့ဖြိုးရေး မိတ်ဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀၀ ကျော်တို့က လယ်ယာမြေ စီမံအုပ်ချုပ်မှုနှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင်း ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး ဆိုင်ရာ အထူး အစည်းအဝေးပေါင်း ၂၀ တို့ ပါဝင် တက်ရောက်ရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.