Connect with us

Politics, Law & Military

အာရှ အလယ်ပိုင်းတွင် အရှည်ဆုံး ရထားလမ်းအား တရုတ် နှင့် ဥဇဘက် သမ္မတ နှစ်ဦး ဖွင့်လှစ်ပေးခဲ့

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ဥဇဘက်ကစ္စတန် သမ္မတ Islam Karimov တို့က Qamchiq Tunnel အား ဗွီဒီယိုမှ တဆင့် စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး၏ အဓိက အောင်မြင်မှု တစ်ခုဖြစ်သည့် ဥဇဘက်ကစ္စတန်နိုင်ငံရှိ Qanchiq တူးမြောင်း အား ဥဇဘက်ကစ္စတန် သမ္မတနှင့်အတူ ယင်းနိုင်ငံသို့ အလည်ပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့က ဇွန်လ ၂၂ ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တက်ရှ်ခန့်နှင့် နာမန်ဂန် (Tashkent- Namangan) သို့ ချိတ်ဆက်ထားပြီး အရှည် ၁၉.၂ ကီလိုမီတာ ရှိသည့် အဆိုပါ ရထားလမ်း တူး မြောင်းအား ဗွီဒီယိုမှတဆင့် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းတူးမြောင်းမှာ Angren- Pap ရထားလမ်း၏ အစိတ် အပိုင်းတစ်ခုလည်း ဖြစ်သည်။

အာရှ အလယ်ပိုင်းတွင် အရှည်ဆုံးဖြစ်သည့် ဤရထားလမ်းအား Qurama တောင်ကို ဖြတ်၍ China Railway Tunnel Group ကတည်ဆောက်ထားခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် ယင်းစီမံကိန်းသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးဆုံးခဲ့သည်။

“ကုန်းတွင်း ကူးသန်းချိတ်ဆက်ခြင်းဟာ ပိုးလမ်းမကြီး၏ အရေးပါတဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်- ဥဇ ဘက်ကစ္စတန် ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါတဲ့ ကဏ္ဍတစ်ခုလဲ ဖြစ်ပါတယ်”ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Karimov က ရထားလမ်း ဖွင့်လှစ်ခြင်းသည် ဥဇဘက်ကစ္စတန်၏ စီးပွားရေး လူမှုရေး ဖွံ့ဖြိုးမှုတွင် အဓိက ဖြစ်ပြီး ဥဇဘက် ပြည်သူများအတွက် ကြီးစွာသော အကျိုးကျေးဇူးများ ရရှိနိုင် ကြောင်းနှင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများအား ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.