Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီ၏ ပိုလန်ခရီးစဉ် ပြီးဆုံး၊ ဥဇဘက်ကစ္စတန်သို့ ဆက်လက် ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပိုလန်နိုင်ငံ သမ္မတ Andrzej Duda တို့အား သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ဝါစော၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်း၏ ပိုလန်ခရီးစဉ် ပြီးဆုံးခဲ့ပြီး ဥရောပ-အာရှ သုံးနိုင်ငံ ခရီးစဉ်၏ နောက်ဆုံး နိုင်ငံ အဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ဆက်လက် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန်သည် ပိုလန်နိုင်ငံ၌ ရှိနေစဉ် အတွင်း ပိုလန်သမ္မတ Andrzej Duda နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည့် အပြင် ပိုလန် ဝန်ကြီးချုပ် Beata Szydlo၊ လွှတ်တော် ဥက္ကဋ္ဌများ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံသည် ငွေကြေးကဏ္ဍ၊ လေကြောင်းကဏ္ဍနှင့် နည်းပညာ စသည့် ကဏ္ဍအသီးသီးနှင့် ပတ်သက်၍ သဘောတူချက်များ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ရှီ နှင့် Duda သည် ဇွန်လ ၂၀ ရက်တွင် CHINA RAILWAY ကုန်တင်ရထား ပိုလန်နိုင်ငံသို့ ရောက်ရှိလာသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
သမ္မတ ရှီသည် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် နှင့် ပိုလန်-တရုတ် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးတွင်လည်း မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ရှီသည် ပိုလန်နိုင်ငံသို့ မရောက်ရှိခင် ဆားဘီးယား နိုင်ငံ၌ ဇွန်လ ၁၇ မှ ၁၉ ရက်အထိ နေထိုင်ခဲ့သည်။ ရှီသည် ဥဇဘက်ကစ္စတန် နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် အဖြစ် ဆက်လက် ထွက်ခွာကာ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.