Connect with us

Politics, Law & Military

၂ဝ၁၄ ခုနှစ် မှ ယနေ့အထိ တရုတ်နိုင်ငံတွင် မူးယစ်ဆေးဝါး ၁၅.၆ တန်ဖမ်းဆီးရမိ

တရုတ်နိုင်ငံ၌ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ အကောက်ခွန်ဌာနသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါးမှောင်ခိုမှုမှတဆင့် မူးယစ်ဆေး ၁၅.၆ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေး(GAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကာလအတွင်း တရုတ်အကောက်ခွန်ဌာနသည် မူးယစ်ဆေးဝါးမှုပေါင်း ၁ဝ၉၁ မှု နှင့် သံသယရှိသူပေါင်း ၁ဝ၅၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့တွင် ဘိန်းဖြူ ၊ မက်အက်ဖာတမင်းစိတ်ကြွဆေးပြား၊ကိုကင်း နှင့် ဘိန်း တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသောဖြစ်စဉ်အများစုသည် ကမ္ဘာလှည့်ခရီးသွားများ ၊ စာတိုက်မှတဆင့်ပေးပို့သော ခရီးဆောင်အိတ်များ နှင့် ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုများဖြစ်ပြီး စုစုပေါင်း ၄၇၄ မှုထိ ရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးပမာဏအများအပြား မှောင်ခိုမှုမျိုးတွင် ပစ္စည်းတင်ပို့သည့် ကွန်တိန်နာများကို အသုံးပြု၍ ပို့ဆောင်နေကြကြောင်း နှင့်၎င်းမှုခင်းမျိုးမှာ အနည်းအကျဉ်းသာ ရှိကြောင်းဆိုသည်။ ဥပမာ ပြရမည်ဆိုလျှင် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဂွမ်ဒေါင်း(Guangdong)ပြည်နယ်၌ ဂွမ်ဒေါင်းအကောက်ခွန်ဌာနသည် ကုန်ပစ္စည်းပို့ဆောင်သည့် အစီအစဉ်ဖြင့် မူးယစ်ဆေးဝါးမှောင်ခိုမှု နှစ်ကြိမ်အတွင်း မက်အက်ဖာတမင်းစိတ်ကြွဆေးပြား ၃၃၉ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးမှောင်ခိုမှုသည် ပို၍ လျှို့ဝှက်ဖုံးကွယ်သည့် လမ်းကြောင်းများကို အသုံးပြုလာကြသည်။ ရှန်ဟိုင်းပြည်နယ် အကောက်ခွန်အရာရှိများသည် ဝိုင်ပုလင်အနီများကြားတွင် ဖွက်၍ ယူဆောင်လာသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သလို ကွင်ဒါအို(Qingdao) အကောက်ခွန်အရာရှိများသည် အောက်ခံဘောင်းဘီထဲတွင် ပလပ်စတစ်ဖြင့် ထုတ်ထားသည့် ကိုကင်းထုတ်များကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မူးယစ်မှောင်ခိုများသည် ကောလိပ်ကျောင်းသူများ ၊ သက်ကြီးရွယ်အိုများ ၊ ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အတင်းအကြပ်စေခိုင်း၍ ဖြစ်စေ (သို့မဟုတ်) အခကြေးငွေဖြင့် ငှားရမ်း၍ ဖြစ်စေ မူးယစ်ဆေးဝါးများကို သယ်ဆောင်စေကြောင်းသိရသည်။ တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ လုပ်ကိုင်လျက်ရှိသည်။
၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ် မှ ဦးဆောင်ပြုလုပ်ခဲ့သည့် SKY-NET စစ်ဆင်ရေးအစီအစဉ်တွင် တရုတ်အကောက်ခွန်အဖွဲ့GAC သည် အနီးကပ်ပါဝင် ဆောင်ရွက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ မူးယစ်ဆေးဝါး အလေးချိန် ၁၈.၆ သန်းကို ရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည်။ နိုင်ငံတကာမူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့အခမ်းအနားကို ၁၉၈၇ ခုနှစ် ဇွန် ၂၆ ရက် မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.