Connect with us

Europe

ရုရှား- တရုတ် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်အပေါ် ပူတင် ယုံကြည်မှုရှိကြောင်း ပြောကြား

ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ယာ)နှင့် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်းကျိုတို့အား တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အလွန် အဆင့်မြင့်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တဖြည်းဖြည်း ချင်း ချဲ့ထွင်လာသော ရင်းနှီးသည့် မဟာမိတ်များ ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆင်ဟွာသို့ ပြောသည်။

“ကျွန်တော်တို့ဟာ ရင်းနှီးတဲ့ မဟာမိတ်များဖြစ်သကဲ့သို့ တစ်ဦး စကားသံကို တစ်ဦးက အမြဲနားထောင်တယ်၊ ဆိုလိုတာက တစ်ဦး အကျိုးစီးပွားကို တစ်ဦးက ထိန်းသိမ်းတယ်ဆိုတဲ့ သဘောပေါ့” ဟု ရုရှား သမ္မတ ဗလာဒီ မာ ပူတင်က တရုတ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ဆင်ဟွာ သတင်းဌာနနှင့် တစ်နာရီကြာ သီးသန့် တွေ့ဆုံ မေးမြန်းရာ၌ ယင်းသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် တရုတ် နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုသည် မကြုံစဖူး အဆင့်သို့ ရောက်ရှိခဲ့ပြီး လက်ရှိ၌ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံ စသည့် ကဏ္ဍများစွာပါဝင်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုအတွက် ခိုင်မာသည့် အုတ်မြစ်တစ်ခု ဖြစ်လာခဲ့ကြောင်း ပူတင်က ပြောသည်။

လတ်တလော နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး ကျဆင်းလာမှုနှင့် ပတ်သက်၍ ပူတင်က ကမ္ဘာ့ စီးပွားရေး ကျဆင်း မှုများ၏ ရလဒ်အဖြစ် ကုန်စည် ဈေးနှုန်းနှင့် ငွေကြေး လဲလှယ်နှုန်းထားများ မတူညီခြင်းများကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ယာယီ ကျဆင်းနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား- တရုတ် ကုန်သွယ်ရေး၏ အရေးပါသော အလုပ်မှာ ပြောင်းလဲထုတ်လုပ်ခြင်း၊ နည်းပညာမြင့် နယ်ပယ် များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သီးခြား မြှင့်တင်ခြင်းနှင့် ကုန်သွယ်မှု အဆောက်အအုံ ခိုင်မာအောင် တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.