Connect with us

Europe

ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုအပေါ် ဒေသလုံးဆိုင်ရာ သဘောတူညီမှုအတိုင်း EEU- China လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု ထူထောင်ရန် ပူတင် စိတ်ဝင်စား

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို (ယာ)တို့အား တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (Eurasian Economic Union= EEU) အဖွဲ့ဝင်များအားလုံးသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုထားသည့် ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့်တင်ရန် သဘောတူထားကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် ကြီးမားသည့် အလားအလာရှိသော အခွင့်အလမ်းကောင်းနှင့် အဆိုပြု ချက် တစ်ခုဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနနှင့် တစ်နာရီကြာ ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခြင်းတွင် ပူတင် က ပြောသည်။
ယင်း အဆိုပြုချက်သည် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးနှင့် ဥရောပနှင့် အာဖရိကတို့အား အာရှနှင့် ချိတ်ဆက်ထားသည့် ရှေးဟောင်း ကုန်သွယ်မှု လမ်းကြောင်း တလျှောက်တို့အား ပေါင်းစည်းကာ ဘုံဖွံ့ဖြိုးမှုရရှိ စေရန် ရည်ရွယ်ထားသည်။
ကာဇက်စတန်နိုင်ငံ အက်စတန်နာမြို့တွင် အဖွဲ့ဝင် ငါးနိုင်ငံ (အာမေးနီးယား၊ ဘီလာရု(စ်)၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် ရုရှား) တို့ပါဝင်ကာ လတ်တလော ပြုလုပ်နေသည့် EEU အစည်းအဝေး၌ ခေတ်သစ် ပိုးလမ်း မကြီး မူဘောင်အတွင်း တရုတ်နှင့် ပူးပေါင်းဆောင်ရွက် ရာတွင် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့် အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု ဧရိယာအား နှစ်ဘက်လုံးက ထူထောင်သွားရန် ပူတင်က အဆိုပြုထားသည်ဟု ဆိုသည်။
ထို့ပြင် ဒေသတွင်းက စိတ်ဝင်စားသည့် အခြားနိုင်ငံများနှင့် ပိုမို ချိတ်ဆက်သွားပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး စီးဆင်းမှု ပိတ်ပင်သွားစေမည့် အခြေအနေမှ ရှောင်ရှားရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပူတင်က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.