Connect with us

Europe

ဗြိတိန်တွင် အီးယူ ဆန္ဒခံယူပွဲ အတွက် မဲရုံများ ဖွင့်လှစ်

အီးယူ ဆန္ဒခံယူပွဲ အတွက် မဲရုံ လမ်းညွှန်ဆိုင်းဘုတ် ကပ်နေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ နေရာ အနှံ့အပြားတွင် ဇွန်လ ၂၃ ရက် နံနက်ပိုင်းက အီးယူ ဆန္ဒခံယူပွဲ အတွက် မဲရုံများစတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သောကြောင့် သန်းပေါင်းများစွာသော ဗြိတိန်နိုင်ငံသားများသည် ဥရောပသမဂ္ဂ၌ ဗြိတိန် ဆက်လက် ရှိနေသင့်၊ မသင့်ကို ဆန္ဒမဲပေးကြမည် ဖြစ်ကြောင်း သိရသည်။

ဆန္ဒမဲပေးခြင်းအား နံနက် ၇ နာရီတွင် စတင်ခဲ့ပြီး ညနေ ၁၀ နာရီ၌ ပြီးဆုံးမည် ဖြစ်ကာ ကျောင်းများ၊ စာကြည့်တိုက်များ၊ ဘုရားကျောင်းများနှင့် လူမှုဆက်ဆံရေး စင်တာများအား မဲရုံ အဖြစ် အသုံးပြုကာ ဆန္ဒမဲ ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံး ဆန္ဒမဲ ရလဒ်အား ဇွန်လ ၂၄ ရက် နံနက်အစောပိုင်းတွင် မန်ချက်စတာမြို့ရှိ မြို့တော်ခန်းမ၌ တရားဝင် ကြေညာသွားမည်ဟု မျှော်လင့်ရသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ဇွန်လ ၂၁ ရက် အထိ ရရှိထားသည့် ကိန်းဂဏန်း အချက်အလက်များအရ အီးယူ ဆန္ဒခံယူပွဲ အတွက် တရားဝင် မဲပေးခွင့်ရှိသူ အရေအတွက်သည် ၄၆ သန်းခန့် ရှိကာ ဗြိတိန်ရှိ တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ တစ်ခု အတွက် မှတ်တမ်းတင် အရေအတွက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.