Africa & Middle East
လက်ဘနွန်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ
ဘေရွတ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ အနောက်ပိုင်း နယ်စပ်ကျေးရွာ တစ်ခုကို ပစ်မှတ်ထားပြီး ဇွန်လ ၂၇ ရက် အစောပိုင်းက အသေခံ ဗုံးဖောက်ခွဲသူ ၄ ဦးက ဗုံးဖောက်ခွဲခဲ့ရာ အနည်ဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း National News Agency (NNA) က သတင်း တင်ပြထားသည်။
အသေခံ ဗုံးဖောက်ခွဲမည့် သူများသည် လက်ဘနွန်နိုင်ငံ အရှေ့မြောက် နယ်စပ်မြို့ Qaa ရှိ အကောက်ခွန် စင်တာ တစ်ခုအနီးတွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အသေခံ ဗုံးဖောက်ခွဲသူများ အပြင် လူ ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ဘနွန် ကြက်ခြေနီ လုပ်ငန်း ဆောင်ရွက်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျော့ရှ် ကက်တန်နာက လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦးမှာ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။
Qaa မြို့သည် Ras Baalbek ၏ မြောက်ဘက် ကီလိုမီတာများစွာ အကွာ၌ တည်ရှိပြီး အိုင်အက်စ် စစ်သွေးကြွ ရာပေါင်းများစွာ ထိန်းချုပ်ထားရာမြို့လည်း ဖြစ်သည်။ ယင်းမြို့သို့ စစ်တပ်မှလည်း အမြောက်များ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားကာ ပုံမှန် တိုက်ခိုက်လေ့ရှိသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာတွင် အစိုးရ စစ်တပ်က တပ်ဖြန့်ချထားသလို နောက်ထပ် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်နိုင်သည့်အတွက် နေအိမ်အတွင်း၌သာ နေထိုင်ကြရန် ပြောကြားထားကြောင်း သိရသည်။ (Xinhua)