Connect with us

Africa & Middle East

ကင်မရွန်းတွင် အသေခံဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့၍ အနည်းဆုံး ၂၈ ဦးသေဆုံး

ကင်မရွန်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကင်မရွန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ မြောက်ဘက်စွန်း ဒေသ တွင် ဇွန်လ ၂၉ ရက် ညက အသေခံဗုံး နှစ်လုံးပေါက်ကွဲခဲ့၍ အနည်းဆုံး ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များစွာ ရှိခဲ့ကြောင်း စစ်တပ် သတင်းအရင်း အမြစ် တစ်ခု က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ နယ်စပ်နှင့် ထိစပ်နေသည့် ကင်မရွန်းနိုင်ငံ မြောက်ဘက်စွန်း ဒေသ၏ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် Djamkana မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် အပြည့်အစုံ မသိရှိသေးကြောင်း နှင့် တိုက်ခိုက်မှုသည် အစ္စလာမ်ဘာသာဝင်တို့ ၏ ဥပုသ်လ အလယ်၌ ဖြစ်ပွားခဲ့ပြီး မြို့နေ လူအများစု မှာ မွတ်စလင်များ ဖြစ်ကြကြောင်း သိရသည်။
သို့သော် ကင်မရွန်း လုံခြုံရေး တပ်ဖွဲ့က အဆိုပါ အသေခံဗုံးခွဲမှု နောက်ကွယ်တွင် ဘိုကိုဟာရမ် စစ်သွေးကြွ အုပ်စု ရှိနေမည်ဟု တွက်ဆကြသည်။
ဘိုကိုဟာရမ် သည် နိုင်ဂျီးရီးယား အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ် ကတည်းက ကင်မရွန်း၏ မြောက်ဘက်စွန်း ဒေသတွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.