Connect with us

Videos

ကင်ဆာဝေဒနာရှင်အတွက် ၁၉ စင်တီမီတာရှည်သည့် 3D ကျောရိုးတပ်ဆင်

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဆရာဝန်များသည် ရှားပါးကင်ဆာရောဂါခံစားနေရသည့်ဝေဒနာရှင်အတွက် ၁၉ စင်တီ မီတာရှည်သည့် 3D printing နည်းပညာဖြင့်ပြုလုပ်ထားသည့်ကျောရိုးတပ်ဆင်ပေးခဲ့ကြောင်းသိရသည်။ ပီကင်းတက္ကသိုလ်ဆေးရုံမှ ဆရာဝန်နှင့်အဖွဲ့သည် အဆိုပါဝေဒနာသည်၏ ကျောရိုးကို ဖြုတ်ပြီး တိုင်တေနီယမ် ဖြင့်ပြုလုပ်ထားသည့် 3D ကျောရိုးကို အဆင့်ဆင့် တပ်ဆင်ပေး ခဲ့ကြောင်းသိရသည်။ ထိုသို့အစားထိုးတပ်ဆင် ပြီးနောက် ဝေဒနာသည်မှာအတန်အသင့်သက်သာလာပြီဖြစ်သည်။ ဝေဒနာသည်မှာရှားပါး ကျောရိုးအတက် ထွက် ဝေဒနာ ကို ခံစားနေရသူ ဖြစ် သောကြောင့် ထိုသို့ခွဲစိတ်ရခြင်းဖြစ်သည်။ ဆရာဝန်များ၏အဆိုအရ အတက်ထွက်သည့်ကျောရိုးအဓိကနေရာကို ဖယ်ပြီးအစားထိုးအောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ တရုတ်နိုင်ငံတွင် 3D Printing နည်းပညာမှာ ယခုနှစ်များအတွင်း တဖြေးဖြေး တိုးတက်လာနေပြီဖြစ်သည်။ ဆရာဝန်များစွာကလည်း ထိုနည်းပညာကိုအသုံးပြု၍ ဆေးပညာနယ်ပယ်တွင်ပိုမိုကျယ်ပြန့်လာနိုင်စေရန် အထူးကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.