Environment, Disasters & Accidents
မြောက်ဦးမြို့၊ ရမ်းချောင်း မြစ်ရေ ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများ ရေကြီးနစ်မြုပ်
ရန်ကုန် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်နှင့် အချို့ကျေးရွာများတွင် ၃ ရက် ဆက်တိုက် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ဇူလိုင်လ ၅ ရက် နံနက်ပိုင်းမှစ၍ ရမ်းချောင်း မြစ်ရေ ရေကြီး ရေလျှံဖြစ်ကာ မြစ်ကမ်းပါး တစ်လျှောက် နေထိုင်သော ကျေးရွာများ ရေကြီး နစ်မြုပ်လျက် ရှိပြီး နီးစပ်ရာသို့ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
မြစ်ကမ်းပါး တစ်လျှောက် နေထိုင်သော ကျေးရွာများ ရေကြီး နစ်မြုပ်၍ ကျီရာပြင် ကျေးရွာမှ အိမ်ထောင်စု ၅ စုနှင့် လူဦးရေ ၂၀ ဦး၊ ကျောက်ဆည်ပြင် ကျေးရွာမှ အိမ်ထောင်စု ၁၀ စု နှင့် လူဦးရေ ၃၅ ဦးတို့သည် ဘုန်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိပြီး ပေါက်ပင်ကွင်း ကျေးရွာမှ အိမ်ထောင်စု ၂၀ စုနှင့် လူဦးရေ ၇၅ ဦးတို့သည် နီးစပ်ရာ ကျေးရွာတွင်းရှိ ဆွေမျိုးများ၏ ခြေတံရှည် နေအိမ်များသို့ လည်းကောင်း ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ယခု ရက်တစ်ပတ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကုန်းမြင့်ဒေသတွင် နေထိုင်ကြသူများ တောင်ကျရေများ ၊ လျှပ်တစ်ပြက် ရေကြီးမှုများ ၊ မြေပြိုမှု ယများကို အထူး ဂရုပြု နေထိုင်ကြရန် လိုအပ်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ (Xinhua)