Connect with us

Environment, Disasters & Accidents

မန္တလေး တိုင်းဒေသကြီးအတွင်း ရေတိုက်စား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၃,၆၅၈ သန်းကျော် အစိုးရထံ တောင်းခံ

ကမ်းပြိုခြင်းများ ကာကွယ်နိုင်ရန် သဲအိတ်များ မြေဖို့နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ ခုနစ်ရွာ၌ ရေတိုက်စား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခန့်မှန်း ကုန်ကျငွေကျပ် သန်းပေါင်း ၃,၆၅၈.၅ဝ ကို ပြည်ထောင်စု အစိုးရထံ သီးသန့် ရန်ပုံငွေ ရရှိရေး တင်ပြ တောင်းခံထားကြောင်း ယင်းဌာနထံမှ သိရသည်။

ဧရာဝတီမြစ်၊ ပန်းလောင်မြစ်နှင့် မြစ်ငယ်မြစ် အတွင်းမှ ကျေးရွာ ခုနစ်ရွာအတွက် လာမည့် မြစ်ရေကျချိန်တွင် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ဖြစ်သည်။

၂ဝ၁၆-၂ဝ၁၇ တွင် ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ရမည့် ကျေးရွာများမှာ ဧရာဝတီ မြစ်တွင်းမှ ရွာသာယာကျေးရွာ (စဉ့်ကူးမြို့နယ်) အတွက် ငွေကျပ် ၁ဝ၁ သန်း၊ အိုင်ဒိုင် ကျေးရွာ (မတ္တရာမြို့နယ်) အတွက် ငွေကျပ် သန်း ၉ဝဝ၊ ဆီမီးခုံကျေးရွာ (မြင်းခြံ မြို့နယ်) အတွက် ငွေကျပ် သန်း ၁၉၃၇.၅ဝ ၊ မြစ်ငယ် မြစ်တွင်းမှ အင်းဝမြို့ နန်းဦး စေတီအနီးအတွက် ငွေကျပ် သန်း ၁၅ဝ ၊ တံတားဦးမြို့နယ်ရှိ ဈေးချိုကျေးရွာ အတွက် ငွေကျပ် သန်း ၂၁ဝ နှင့် အိုးတုတ္တတန်း ကျေးရွာ အတွက် ငွေကျပ် သန်း ၂၁ဝ၊ ပန်းလောင် မြစ်အတွင်းမှ ဥသျှစ်ဖိုရွာ (တံတားဦးမြို့နယ်) အတွက် ငွေကျပ် သန်း ၁၅ဝ တို့ ဖြစ်ပြီး စုစုပေါင်း ခန့်မှန်း ကုန်ကျငွေကျပ် သန်း ၃၆၅၈.၅ဝ ဖြစ်သည်။

ကမ်းပြို ကာကွယ်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းများမှာ မျောတိုင်တန်း ကျောက်ဖြည့်ရေကာ၊ ရေမျောကျောက်ဖြည့် ကျောက်စီ မြေထိန်းတမံ၊ သံခြင်း အခြေပြု ကျောက်စီ မြေထိန်းတမံနှင့် သောင်တူး လုပ်ငန်းတို့ဖြစ်ပြီး ယခုတောင်းခံ ထားသည့် ပြည်ထောင်စု ရန်ပုံငွေရရှိပါက မြစ်ရေကျချိန်တွင် လုပ်ငန်းများ စတင်ရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.