Connect with us

Videos

ကမ္ဘာ့ချန်ပီယံ ဇနီးထမ်းပြေးပွဲ ကျင်းပ

ဆိုကိုဂျာဗီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
၂၁ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ဇနီးထမ်းပြေးပွဲ ကို ဖင်လန်နိုင်ငံ ဆိုကိုဂျာဗီတွင် ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။
ကမ္ဘာအနှံ့ စုံတွဲပေါင်း ၅၁ တွဲ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံ မှ စုံတွဲတစ်တွဲ က ပြေးပွဲတွင် ကြာချိန် ၁မိနစ် ၂စက္ကန့်ဖြင့် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ဖင်လန်နိုင်ငံမှ ဇနီးထမ်းပြေးပွဲကို ဦးစီးကျင်းပ ခဲ့သည်မှာ ၂၅ နှစ်ကြာခဲ့ပြီဖြစ်သည်။ ပြေးရသည့် လမ်းကြောင်းမှာ မီတာ ၂၅ဝ ရှည်လျားပြီး ခြောက်သွေ့သည့်
ကုန်းမြေနှင့် စိုစွတ်သည့်မြေ ၂ပိုင်းခွဲပြီးပြေးလမ်းကိုသတ်မှတ်ပေးထားသည်။ စည်းကမ်းများအနေဖြင့် ယှဉ်ပြိုင်သူအမျိုးသမီး၏ အလေးချိန်မှာ ၄၉ ကီလိုဂရမ်
အနည်းဆုံးရှိရမည်ဖြစ်ကာ အငယ်ဆုံး အသက် ၁၇ နှစ်အထိ ဖြစ်ရမည်ဟုကန့်သတ်ထားသည်။
မိမိတွင် ဇနီးမယားမရှိပါက အိမ်နီးချင်းအမျိုးသမီးကို ငှားရမ်းပြီး ပြိုင်ပွဲတွင် ဝင်ရောက်နိုင်သည်ဟုလည်းသိရသည်။
ဝင်ရောက်ယှဉ်ပြိုင်သူများအားလုံးပျော်ရွှင်ခဲ့ကြကြောင်းလည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.