Connect with us

Politics, Law & Military

အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည် မြှင့်တင်ရေး အစီအမံများ ရေးဆွဲ ဆောင်ရွက် နိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNODC တို့ပူးပေါင်း အစည်းအဝေး ပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် မှုခင်း ဆိုင်ရာ ရုံး (UNODC) တို့ ပူးပေါင်း ကျင်းပသည့် အစည်းအဝေး ကျင်းပ ပြုလုပ်စဉ် (ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည် မြှင့်တင်ရေး အစီအမံများ ရေးဆွဲ ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် မှုခင်းဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်း ကျင်းပသည့် အစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုများ ကြိုတင်ကာကွယ်ရေးတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ အချင်းချင်း ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုဖြင့် စွမ်းရည် မြှင့်တင်ရေး အစီအစဉ်၏ ပထမအကြိမ် အစည်းအဝေးကို ဇူလိုင်လ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ နေပြည်တော်၌ ကျင်းပလျက် ရှိကြောင်း သိရသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ကုလသမဂ္ဂမှ ပြဌာန်းထားသော ကွန်ဗင်းရှင်းများ၊ ဥပဒေ မူဘောင်နှင့် UNODC ၏ အာရှပစိဖိတ်ဒေသ အစီအစဉ်များ၊ ဒေသတွင်း နိုင်ငံခြားသား အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုများနှင့် ဖြစ်စဉ်များ၊ ပြည်တွင်း အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်း အချက်အလက် ရယူရေး အတွက် အခြေခံလိုအပ်ချက်များအား အစည်းအဝေးတွင် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်း ဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် မြင့်ထူးနှင့် ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာန (၁၁) ခုမှ အရာရှိများနှင့် UNODC မှ အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာအရာရှိ Ms. Thanawan Klumklochit နှင့် ကျွမ်းကျင်သူ (၄) ဦး စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.