Politics, Law & Military
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်သစ်ကို ဂုဏ်ပြုစကားဆို
ပေကျင်း ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်သစ် ဖြစ်လာသူ Theresa May အား ဝမ်းမြောက် ဂုဏ်ယူသည့် သဝဏ်လွှာကို ဇူလိုင်လ ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ လီခဲ့ချန်၏ သဝဏ်လွှာထဲတွင် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး ၊ ခိုင်မာသော ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်သူအချင်းချင်း ပို၍ ပူးပေါင်း ဆောင်ရွက်ရေး ၊ မကြာသေးမီက တရုတ် နှင့် ဗြိတိန် နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်ရာမှ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေကောင်းများတည် ဆောက်နိုင်ခဲ့ခြင်းကို ဆက်လက် ထိန်းသိမ်းသွားရေး စသည့် အချက်များ ဖော်ပြပါရှိကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးအတွက် ဗြိတိန်နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုကို တရုတ်နိုင်ငံက ဂုဏ်ပြုပါကြောင်း ၊ ဗြိတိန်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် တရုတ်နိုင်ငံ အနေဖြင့် အဆင်သင့် ရှိကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းလာသည်နှင့် အမျှ နှစ်ဖက်ပြည်သူများ အကြား အကျိုးပို၍ ခံစားရမည် ဖြစ်ကြောင်း လီက ဆိုသည်။
၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ Hangzhou မြို့၌ လက်ခံကျင်းပမည့် G20 ထိပ်သီး ဆွေးနွေးပွဲကို ဗြိတိန် ဝန်ကြီးချုပ်သစ် May တက်ရောက် နိုင်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း လီက ဆက်ပြောသည်။ ထို့ပြင် ၎င်းအခမ်းအနား၌ နှစ်နိုင်ငံ ဝန်ကြီးချုပ်အဆင့် နှစ်ပတ်လည် ဆွေးနွေးပွဲသစ်ကို ပြုလုပ်ရန် အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ (Xinhua)