Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ချစ်ကြည်ရေး ခရီးစဉ်နှင့် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် မွန်ဂိုးလီးယားနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ဘာ ဘတ်တာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မွန်ဂိုးလီးယား နိုင်ငံ ဝန်ကြီးချုပ်သစ် Jargaltulga Erdenebat ၏ ဖိတ်ကြားချက်ဖြင့် လည်းကောင်း၊ ၁၁ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အတွက် လည်းကောင်း မွန်ဂိုးလီးယားနိုင်ငံသို့ ဇူလိုင်လ ၁၃ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။

ယခု ခရီးစဉ်သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် အဖြစ် လီ တာဝန်ယူခဲ့သည့် ၂၀၁၃ ခုနှစ်ကစပြီး ကုန်းတွင်းပိတ် အာရှနိုင်ငံ ဖြစ်သည့် မွန်ဂိုးလီးယားသို့ ပထမဆုံး သွားရောက်ခြင်းလည်း ဖြစ်ပြီး ခြောက်နှစ်အတွင်း တရုတ် ဝန်ကြီးချုပ် တစ်ဦး၏ မွန်ဂိုးလီးယားသို့ ပထမဆုံး တရားဝင် ခရီးစဉ်လည်း ဖြစ်သည်။
ခရီးစဉ်အတွင်း လီသည် မွန်ဂိုးလီးယား သမ္မတ Tsakhiagiin Elbegdorj နှင့် လည်းကောင်း၊ မွန်ဂိုးလီးယား ဝန်ကြီးချုပ် Jargaltulga Erdenebat နှင့် လည်းကောင်း၊ မွန်ဂိုးလီးယား လွှတ်တော် ဥက္ကဋ္ဌ Miyegombo Enkhbold တို့နှင့် လည်းကောင်း တွေ့ဆုံရန် ရှိသည်။
ထို့ပြင် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ငွေရေးကြေးရေးနှင့် စွမ်းအင်၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် မီဒီယာ ဖလှယ်မှုများ စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးရန် ရှိကြောင်း သိရသည်။
ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်များ၌ အာရှနှင့် ဥရောပ တလျှောက် နယ်ပယ် ပေါင်းစုံတွင် နိုင်ငံရေး ဆွေးနွေးမှုများ အားပေးခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ခြင်း စသည်တို့အား ရည်ရွယ်သည့် အစိုးရ အချင်းချင်း ဆွေးနွေးသည့် ညီလာခံဖြစ်သော ၁၁ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း လီသည် အာဆီယံ နိုင်ငံအချို့မှ ခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံနိုင်ရန်လည်း မျှော်လင့် ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.