Connect with us

Latin America

အိုလံပစ်ပွဲအတွက် Rio နိုင်ငံတကာ လေဆိပ်ကို လုံခြုံရေး တင်းကြပ်မည်ဟု ဘရာဇီး ကြေညာ

Rio 2016 အိုလံပစ်ပြိုင်ပွဲ အတွက် ဘရာဇီး လုံခြုံရေး တပ်ဖွဲ့ဝင်များ လေ့ကျင့်နေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ လက်ခံကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၏ လုံခြုံရေးအတွက် ရည်ရွယ်ပြီး Rio နိုင်ငံတကာ လေဆိပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၁,၂ဝဝ ဦး ချထားမည်ဟု ဘရာဇီးအစိုးရက ဇူလိုင်လ ၁၉ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ အေးဂျင့်များသည် လုံခြုံရေးဆိုင်ရာ သင်တန်းများ တက်ရောက်နေကြပြီ ဖြစ်ကြောင်းနှင့် လာမည့် ရက်သတ္တပတ်တွင် Rio လေဆိပ်၌ တာဝန်များ စတင် ထမ်းဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၉ ရက်က ဗုံးပေါက်ကွဲမှု အရေးပေါ် အခြေအနေတွင် တုံ့ပြန်မှု ကူညီမှု ဆိုင်ရာ သင်ခန်းစာများကို လေ့ကျင့်ခဲ့ရာ ရဲတပ်သားများ ၊ စစ်သားများ ၊ လေ့ကျင့်ထားသော စစ်ခွေးများနှင့် စက်ရုပ်များပါဝင် လေ့ကျင့်ကြကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများတွင် လုံခြုံရေး ဆိုင်ရာ အကူအညီပေးရန် ကမ္ဘာ့ နိုင်ငံပေါင်း ၁ဝဝ ကျော် နှင့် ဒေသတွင်းမှ ထောက်လှမ်းရေး အေးဂျင့်များ ပူးပေါင်း ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံ ဒေသဆိုင်ရာ လုံခြုံရေးမှူး Cristiano Sampaio က အကြမ်းဖက် ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရန် အထူး လေ့ကျင့်ခန်းများ ပြုလုပ်ထားကြောင်း ၊ ကမ္ဘာ့နိုင်ငံပေါင်းများစွာ နှင့် ဒေသဆိုင်ရာ လုံခြုံရေး အရာရှိများ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
“ အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေး စင်တာ ရှိမယ်။ အဲဒီမှာ နိုင်ငံပေါင်း ၆ နိုင်ငံက အေးဂျင့်တွေ ပါမယ်။ မကြာသေးခင်က အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အာဂျင်တီးနား ၊ ပါရာဂွေး ၊ ဘယ်လ်ဂျီယံ ၊ အင်္ဂလန် ၊ ပြင်သစ် နဲ့အမေရိကန်နိုင်ငံ တွေပေါ့ ” ဟုဆိုသည်။
မကြာခင်က ဥရောပ၌ အကြမ်းဖက်မှု အန္တရာယ်ဖြင့် ကြုံတွေ့ခဲ့ရာ ဘရာဇီး ထောက်လှမ်းရေးအေဂျင်စီ (Abin) သည် Rio အိုလံပစ် ပြိုင်ပွဲကာလ တစ်လျှောက် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ လုံခြုံရေး တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားရန် စီစဉ်နေသည်။ Rio အိုလံပစ် ပြိုင်ပွဲသည် သြဂုတ်လ ၅ ရက်တွင်လည်းကောင်း ၊ မသန်စွမ်းပြိုင်ပွဲသည် စက်တင်ဘာလ ၇ ရက်တွင်လည်းကောင်း အသီးသီး စတင်ကျင်းပသွားရန် ရှိနေပြီး စက်တင်ဘာလ ၁၈ ရက်တွင် ပြိုင်ပွဲအားလုံး ပြီးဆုံးမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.