Connect with us

Latin America

ဘက်တန်လမ်းမပေါ်ပစ်ခတ်မှုတွင် ရဲအရာရှိ သုံးဦးနှင့် သံသယရှိသူ တစ်ဦး သေဆုံး

ဘက်တန်လမ်းမပေါ်ပစ်ခတ်မှုအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝီစီးယားနား ပြည်နယ် ဘက်တန်မြို့လမ်းမပေါ်၌ ဇူလိုင်လ ၁၇ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ရဲအရာရှိသုံးဦး သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွင် သေနတ်သမားတစ်ဦး သေဆုံးသွားကြောင်းနှင့် အခြားသေနတ်သမား ဖြစ်ဖွယ်ရှိသည့် သံသယရှိသူ နှစ်ဦး ထွက်ပြေး လွတ်မြောက်နေကြောင်း ဘက်တန်ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။
ဒဏ်ရာရသူများတွင် ဘက်တန်ရဲဌာနမှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းနှင့် ၎င်းတို့အား ဒေသတွင်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးထားကြောင်း ဘက်တန်မြို့တော်ဝန် Kip Holden ကပြောသည်။ သို့သော် ဒဏ်ရာရသူ အရေအတွက် နှင့် ဒဏ်ရာ အခြေအနေကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း The Times – Picayune က သတင်းစာက ရေးသားထားသည်။
ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရခဲ့သည့် ရဲတပ်ဖွဲ့ဝင် အရေအတွက် အတိအကျ သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း Holden က ပြောသည်။ ထို့ပြင် သေနတ်သမားမှာ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ဖြစ်နိုင်ကြောင်းကိုလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ သို့သော် သေနတ်သမားအဖြစ် သံသယရှိသူမှာ နှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပို၍ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းများက ဆိုသည်။
ဘက်တန်မြို့တော်ဝန်က ၎င်းပစ်ခတ်မှုကို “ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တစ်ခု” ဟူ၍ ပြောဆိုထားပြီး မကြာသေးခင်က နိုင်ငံအနှံ့ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့သည့် ရဲအရာရှိ နှစ်ဦးက လူမဲတစ်ဦးအား ပစ်သတ်ခဲ့သည့် နောက်ဆက်တွဲ ဂယက်တစ်ခုဟု ဆိုသည်။
လူဝီစီးယားနား ပြည်နယ်အုပ်ချုပ်ရေးမှူးJohn Bel Edwards က ပစ်ခတ်မှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး “ စည်းစည်းလုံးလုံးနဲ့ဝေဒနာတွေ ကုစားဖို့ အားလုံးက လိုအပ်နေတဲ့ အချိန်မှာ ဒီပစ်ခတ်မှုဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိတဲ့ ပစ်ခတ်မှု တစ်ခုပါပဲ” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် သေနတ်သမားများကို တရားဥပဒေ ရှေ့မှောက်သို့အရောက် ပို့ဆောင်မည်ဟု ၎င်းက ကတိပြု ပြောကြားခဲ့သည်။
ယခုပစ်ခတ်မှုသည် လွန်ခဲ့သော နှစ်ပတ်ခန့်က ဒါးလက်မြို့၌ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ရဲအရာရှိငါးဦး သေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ် နောက်ပိုင်း အမေရိကန်နိုင်ငံ၌ ဒုတိယအကြိမ် ကြုံတွေ့ခဲ့ရသော ပစ်ခတ်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.