Connect with us

Videos

ဟောင်ကောင်လူငယ် ကျောင်းသားများ ပေကျင်းတွင်အာကာသပညာလေ့လာ

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ဟောင်ကောင်လူငယ် အာကာသပညာလေ့ကျင့်ရေးအဖွဲ့ ကို တရုတ်နိုင်ငံ ပေကျင်း တွင် အာကာသပညာရပ်များ (၈) ရက်တာ လေ့လာဆည်းပူးနိုင်ရန် ဇူလိုင်လ ၂၉ ရက်နေ့က စေလွှတ်ခဲ့ ကြောင်း သိရသည်။

ယခုနှစ် လူငယ်အာကာသပညာလေ့ကျင့်ရေးအဖွဲ့ကို မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း အလယ်တန်း ကျောင်း၁ဝဝ ကျော်မှ ကျောင်းသား၁၆ဝ ထဲတွင် လူငယ်အာကာသယာဉ်မှူးဖြစ်နိုင်ခြေရှိသူ ၃ဝ ဦးကို ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

လေ့ကျင့်ရေးမှာ ဇူလိုင်လ ၂၉ ရက်နေ့ မှ သြဂုတ်လ ၅ ရက်နေ့အထိ ပြုလုပ်ရမည်ဖြစ်ပြီး အဖွဲ့ဝင် ကျောင်းသား များ အနေဖြင့် အာကာသသိပ္ပံနှင့် နည်းပညာ သင်ခန်းစာများကို သင်ယူရမည်ဖြစ်ကာ အာကာသဆိုင်ရာ အရေးကြီး သည့် အသုံးအဆောင်များ ကို လည်းလေ့လာရမည်ဖြစ်သည်။

လေ့လာမှုများထဲတွင် အာကာသ ယာဉ်မှူး ဝတ်စုံဝတ်ဆင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခြင်း၊ ရှင်သန်လွတ်မြောက်စေမည့်ေ လ့ကျင့်ခန်း၊ သွေးကြောများ အလိုက်သင့် ပြောင်းလဲစီးဆင်းစေခြင်း လေ့ကျင့်ခန်းများပါဝင်မည်ဖြစ်ပြီး ၈ ရက်တာ သင်တန်း ပြီးဆုံးပါက စာမေးပွဲစစ်ဆေးကာ အသိအမှတ်ပြုလက်မှတ်များကိုထုတ်ပေးသွားမည် ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.