Connect with us

Videos

တရုတ်နိုင်ငံ က ကားပါကင် အလိုအလျောက် ညွှန်ပြပေးနိုင်သည့် စက်ရုပ်ကို အောက်တိုဘာလတွင် စတင် အသုံးပြုမည်

ရှန်ဇန်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံးကားပါကင်ညွှန်ပြ နိုင်သည့် စက်ရုပ်(Automated guided vehicle AVG Robot) ကို ယခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်းနန်ကျင်းတွင်စတင် အသုံးပြုတော့မည်ဖြစ်သည်။

ရှန်ဇန်းအခြေစိုက် ရီဖန်းမော်တော်ကားနည်းပညာကုမ္ပဏီ က ထုတ်လုပ်သည့် လေဆာစနစ်သုံး ကားပါကင်ထိုး စက်ရုပ် မှ ကားတစ်စီးကို ရပ်နားနိုင်သည့်နေရာ သို့ ၂ မိနစ်အတွင်းအရောက်ပို့ဆောင်ပေးမည်ဟုဆိုသည်။
ယာဉ်မောင်းသူများမှ မိမိကားနေရာကို အဆိုပါ စက်ရုပ်ဖြင့် ချိတ်ဆက်ပေးရုံဖြစ်သည်။ ထို့နောက် စက်ရုပ်မှ ကားကို သယ်ဆောင်ပြီး အလိုအလျောက်ပါကင်ထိုးပေးမည်ဖြစ်သည်။
အဆိုပါ စက်ရုပ်ကိုအသုံးပြုခြင်းဖြင့် ယခုအသုံးပြုနေရသည့် ကားပါကင်၏ နေရာ ၂ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းခန့်အထိ ချွေတာပေးရာရောက်သောကြောင့် ကမ္ဘာပေါ်ရှိ မြို့ကြီးများတွင် ကြုံတွေ့နေရသည့် ကားပါကင်ပြသနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
တရုတ်နိုင်ငံရှိ လမ်းမများပေါ်တွင် ကားအစီးရေပေါင်း ၁၇၂ သန်းခန့် မောင်းနှင်လျက်ရှိပြီး နှစ်စဉ် အစီးရေ ၁၉ သန်းခန့် တိုးတက်လာမှုနှုန်းအပေါ်အခြေခံတွက်ချက်ပါက ၂ဝ၂ဝ ပြည့်နှစ်တွင် ကားအစီးရေပေါင်း သန်း ၂၅ဝ အထိ ရှိလာမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.