Connect with us

Politics, Law & Military

မြန်မာနိုင်ငံသို့ လာအိုသမ္မတ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်မည်

လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ် နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ် တို့သည် ယခုလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်း ခရီးစဉ်သည် မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ သမ္မတနှင့် ဇနီးသည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် အပြန်အလှန် လာရောက် လည်ပတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော် နှင့်ဇနီးတို့သည် ဧပြီလအတွင်း လာအိုနိုင်ငံသို့သွားရောက်ခဲ့သည်။
လာအိုနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် အာဆီယံ မိသားစုဝင်နိုင်ငံလည်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.