Connect with us

Politics, Law & Military

ကျပ်သိန်းပေါင်း (၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိ

WY ဆေးပြားများအားတွေ့ရစဉ် (အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာရှိ နေအိမ်တစ်အိမ်အား သတင်းအရစစ်ဆေးရာ ကျပ်သိန်းပေါင်း (၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် အတူ တရားခံ(၄)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁ရက်နေ့ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ အကွက်အမှတ်(၁၅) ရှိ ဒေါ်… ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာတွင် ဒေါ်..နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ ၃ဦးတို့အား တွေ့ရှိဖမ်းဆီးရမိ ခဲ့ပြီး ဆက်လက်ရှာဖွေရာ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၄၈၈)ပြား၊ အလေးချိန် (၁၄၈.၈)ဂရမ်ခန့်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၃၇.၂)သိန်း၊ မက်သာအက်ဖီတမင်း(အိုက်စ်)အဖြူရောင်ပုံဆောင်ခဲအလေးချိန် (၁၂၅)ဂရမ်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၃၁.၂၅)သိန်းခန့်နှင့် 38 SPL AP15 ကျည်(၁၈)တောင့်တို့အားလည်းကောင်း၊ နေအိမ်အနီးမှ MSX-125 အမျိုးအစား ဆိုင်ကယ်(၁)စီးအား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
သို့ဖြစ်၍ မူးယစ်ဆေးဝါး၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူတို့အား တာချီလိတ်မြို့မရဲစခန်း မယ(ပ) ၆၀/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ပူူးပေါင်းအဖွဲ့များနှင့်အတူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.