Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလားအဖွဲ့သို့ တွေ့ဆုံပြီး ၂၁ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်ရေး ဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ ယနေ့ ရန်ကုန်မြို့ရှိ National Reconciliation and Peace Center (NRPC) ရုံးတွင် တွေ့ဆုံစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလား အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA )တို့ ယနေ့တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာနိုင်ရေး ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းလားလက်နက်ကိုင်အဖွဲ့မှ အချက်လေးချက်ကို အဓိကဆွေးနွေးရာ မိုင်းလားအဖွဲ့အနေဖြင့် ခွဲမထွက်ရေးမူကို ဆက်လက်ကိုင်စွဲသည့်အချက်၊၂၁ ပင်လုံညီလာခံတွင် အားလုံးပါဝင် ရေးမူကို လက်ခံသည့်အချက်၊ သယံဇာတပိုင်း၌ သယံဇာတများကို နိုင်ငံတော်ကပိုင်ဆိုင်သည်ကို လက်ခံသော်လည်း ခွဲေ၀ သုံးစွဲသည့်အခါတွင် အားလုံးတန်းတူ အကျိုးခံစားခွင့် ရှိရန်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ပိုင်း၌ အားလုံးတာဝန် ရှိသည်ဆိုသည့်အချက် ကိုသဘောတူကြောင်းနှင့် မြေယာမူဝါဒနှင့် ပတ်သက်ပြီး နိုင်ငံတေ်ာကချမှတ်ထားသည့် မြေယာမူဝါဒကို လက်ခံပြီး လိုက်နာသင့်သည် ဆိုပါက လက်ခံကြောင်း၊ နောက်ဆုံးအချက် အနေနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုပိုင်းတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုလက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ ယနေ့ ရန်ကုန်မြို့ရှိ National Reconciliation and Peace Center (NRPC) ရုံးတွင် တွေ့ဆုံစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ မူဘောင်ပြန်လည် သုံးသပ်သည့်အစည်းအဝေးများတွင် အထူးဒေသ- ၄ မိုင်းလားအဖွဲ့အနေဖြင့် ကိုယ်စားလှယ်စေလွှတ်တက်ရောက်ရန်နှင့် ၂၁ရာစုပင်လုံညီလာခံတက်ရောက်ရန် အဓိက ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဦးခင်ဇော်ဦးက ဆိုသည်။
“သူတို့ ဘက်ကလည်း တက်ရောက်နိုင်ဖို့ ကြိုးစားမယ်ဆိုပြီး ပြောခဲ့တယ်။ သူတို့ အဖွဲ့အနေနဲ့ကတော့ NCA မှာ လက်မှတ်ထိုးရေးကိစ္စကို ပြန်တိုင်ပင်ရဦးမယ် ဆိုပြီး ပြောသွားတယ်” ၎င်းက မီဒီယာများကို တွေ့ဆုံစဉ် ပြောကြားသည်။
AA ,MNDAA TNLA နှင့် လည်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ညှိနှိုင်းနေပြီး အဆိုပါ အဖွဲ့များနှင့် သွားရောက်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင်များ နှင့် မိုင်းလား အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA )ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့ဝင်များ ယနေ့ မွန်းလွဲ ၁နာရီမှစတင်ကာ ရန်ကုန်မြို့ National Reconciliation and Peace Center (NRPC) ရုံးတွင် နှစ်နာရီခန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.