Connect with us

Latin America

ရီယို အိုလံပစ် မြင်းပြိုင်ကွင်း သေနတ်ကျည်ဆန် ထိမှန်

Deodoro ကွင်း ၏ ခေါင်မိုးအခုံးကို ဖောက်ဝင်လာသည့် သေနတ်ကျည်ဆန်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီဂျနေရို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ရီယို ၂၀၁၆ အိုလံပစ် မြင်းပြိုင်ကွင်း၌ နယူးဇီလန် အသင်း တာဝန်ရှိသူတစ်ဦးမှာ သြဂုတ်လ ၆ ရက်က သေနတ်ကျည်ဆန် လာရောက်ထိမှန်မည့်ဘေးမှ ကံကောင်းစွာ သီသီလေး ကင်းလွတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ကျည်ဆန်သည် ဒုတိယမြောက် အကြီးဆုံး ရီယို ၂၀၁၆ အိုလံပစ်ကွင်း ဖြစ်သည့် Deodoro ကွင်း ၏ ခေါင်မိုးအခုံးကို ဖောက်ဝင်ကာ စာနယ်ဇင်းအခန်း အတွင်းသို့ကျရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
နယူးဇီလန် ဆက်သွယ်ရေး မန်နေဂျာ အက်ရှလေ အတ်ဘော့တ် က အသင်း၏ မြင်းစီးပြိုင်ပွဲဝင် အားကစားသမားများသည် အဆိုပါ သေနတ်ကျည်ဆန်ထိမှန်မှုနှင့် ပတ်သက်၍ ၎င်းတို့ထံ သတင်းပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။
သေနတ်ကျည်ဆန် ကျရောက်လာမှုကြောင့် နယူးဇီလန် လူထုဆက်ဆံရေး အရာရှိ ဒိုင်ယာနာ ဒေါ့ဘ်ဆန် သည် စိတ်ထိတ်လန့်တုန်လှုပ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း မီဒီယာများကဆိုသည်။
ရီယို မြင်းပြိုင်ကွင်းသည် စစ်အခြေစိုက်စခန်းတစ်ခု နှင့် ကပ်လျက်တည်ရှိကြောင်း သိရသည်။
တာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ရီယို၂၀၁၆ ဖွဲ့စည်းရေး ကော်မတီက သြဂုတ် ၆ ရက်နေ့ အိုလံပစ် စက်ဘီးပြိုင်ပွဲ လမ်းကြောင်းပေါ်၌ သြဂုတ် ၆ ရက်နေ့ က သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်အား ဗုံးရှင်းလင်းရေးသမားများက ဘေးကင်းစွာ ဖောက်ခွဲနိုင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေးဝန်ထမ်းများသည် စက်ဘီးပြိုင်ပွဲ နောက်ဆုံး လမ်းကြောင်းအပိုင်းပေါ်၌ တင်ထားသည့် အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် ၎င်းအား ထိန်းချုပ်ကာ ဖောက်ခွဲခဲ့ပြီး ဖောက်ခွဲမှုကြောင့် ပြိုင်ပွဲအား တစ်စုံတစ်ရာ အနှောင့်အယှက်မဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူ တစ်ဦးက ယင်းအရာဝတ္ထု သည် သေးငယ်သည့် အထုပ်တစ်ထုပ်ဖြစ်ပြီး ရဲတပ်ဖွဲ့ ဗုံးရှင်းလင်းရေးသမား ၏လုပ်ဆောင်မှုသည် ကြိုတင်ကာကွယ်မှုတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.