Connect with us

Latin America

ရွှေ့ပြောင်းဒုက္ခသည်များပါဝင်သည့် အိုလံပစ်အားကစားအဖွဲ့ အိုလံပစ်အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပ

ရွှေ့ပြောင်းဒုက္ခသည်များပါဝင်သည့် အိုလံပစ်အားကစားအဖွဲ့ အိုလံပစ်အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျနေရို၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ပထမဆုံးသော ရွှေ့ပြောင်းဒုက္ခသည်များပါဝင်သည့် အိုလံပစ်အားကစားအဖွဲ့(ROT) သည် ၎င်းတို့၏ အလံလွှင့်တင်ခြင်း အခမ်းအနားအား သြဂုတ် ၃ရက်နေ့ ညနေပိုင်းတွင် အိုလံပစ်ရွာ၌ ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့ရှိ ရွှေ့ပြောင်းဒုက္ခသည်များထံ အားကစားစိတ်ဓါတ်နှင့်ပတ်သက်၍ သတင်းစကားပေးပို့ခဲ့သည်။

Rio အိုလံပစ် ပွဲစီစဉ်သူများက အလံလွှင့်တင်ခြင်း အခမ်းအနားမကျင်းပမီ ရိုးရာ အကနှင့် ဂီတသံစဉ်များကို အကောင်းဆုံး ပေါင်းစပ်ထားသည့် ကြိုဆိုခြင်း သရုပ်ဖော်မှု တစ်ခု ပြုလုပ်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
အခြား အိုလံပစ် အားကစားအဖွဲ့ ငါးဖွဲ့ကလည်း ROT အဖွဲ့နှင့် အတူ ၎င်းတို့၏အမိနိုင်ငံများဖြစ်သည့် အိုင်ဗရီကို့စ်နိုင်ငံ၊ အယ်လ်ဆယ်ဗေးဒိုးနိုင်ငံ၊ မာလီနိုင်ငံ၊ နီပေါနိုင်ငံ နှင့် ပေါ်တူဂီနိုင်ငံ တို့၏အလံများကိုလည်း အသီးသီး လွှင့်တင်ခဲ့ကြကြောင်း သိရသည်။
ROTအား ကိုယ်စားပြုသည့် အိုလံပစ်အလံအား လွှင့်တင်နေစဉ် ရွှေ့ပြောင်းဒုက္ခသည် အားကစားသမားများ သာမက အခြားတက်ရောက်လာသူ အားကစားသမားများကလည်း လက်ခုပ်သြဘာပေးခဲ့ကြကြောင်း သိရသည်။

ရွှေ့ပြောင်းဒုက္ခသည်များပါဝင်သည့် အိုလံပစ်အားကစားအဖွဲ့ အိုလံပစ်အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတကာ အိုလံပစ် ကော်မတီ က စစ်ဖြစ်ပွားနေသည့် နိုင်ငံနှင့် ဒေသများမှ အားကစားသမားများကို စုပေါင်းကာ အားကစားအဖွဲ့တစ်ခု ဖွဲ့စည်းပေးခဲ့ပြီး ယခု Rio အိုလံပစ် အားကစားပွဲ တွင် အိုလံပစ်အမှတ်တံဆိပ် အလံဖြင့် ရွှေ့ပြောင်းဒုက္ခသည် ၁၀ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားအဖွဲ့တွင် တောင်ဆူဒန်နိုင်ငံမှ အပြေးသမား ငါးဦး၊ ဆီးရီးယားနိုင်ငံမှ ရေကူးသမား ၂ဦး၊ ကွန်ဂိုနိုင်ငံမှ ဂျူဒိုအားကစားသမား ၂ဦး၊ အီသီယိုပီးယားနိုင်ငံမှ မာရသွန်အပြေးသမား တစ်ဦး အပြင် နည်းပြငါးဦး နှင့် တာဝန်ရှိသူ ငါးဦးလည်းပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.