Connect with us

North America

နယူးယောက် အငှားယာဉ်မောင်းများ အင်္ဂလိပ်စကားကျွမ်းကျင်ရန် မလိုတော့ပါ

နယူးယောက်၌ အငှားယာဉ်တားနေသည့် ခရီးသည်တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ပြီးခဲ့သော ရက်သတ္တပတ်အဆုံးတွင် အသစ်ပြဌာန်းလိုက်သည့် ဥပဒေသစ်အရ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အငှားယာဉ်မောင်းများသည် အင်္ဂလိပ်စကားကျွမ်းကျင်စွာတတ်မြောက်ရန် မလိုတော့ဘဲ မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းနှင့်ချိတ်ဆက်ထားသည့် Uber အွန်လိုင်းပို့ဆောင်ရေး ဝန်ဆောင်မှု နှင့် Lyft ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများတွင် မိုလ်ဘိုင်းဖုန်းများမှ တဆင့်ဝင်ရောက်ဖြေဆိုပြီး လိုင်စင် လျှောက်ထားနိုင်ကြောင်းသိရသည်။

အဆိုပါ ဥပဒေသစ်ကို နယူးယောက်မြို့တော်ဝန် Bill de Blasio က ၂ဝ၁၆ ခုနှစ် ဧပြီလတွင်လက်မှတ်ထိုးခဲ့ပြီး သြဂုတ်လ ၁၉ ရက်မှသာ စတင် အသက်ဝင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ၎င်းဥပဒေအရ အငှားယာဉ်မောင်းလုပ်လိုသူများသည် အင်္ဂလိပ်စာဖြင့် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် မလိုတော့ဘဲ အခြား ဘာသာစကားများစွာထဲမှ မိမိနှစ်သက်ရာဘာသာစကားဖြင့် ဖြေဆို၍ မော်တော်ယာဉ်မောင်းနှင်ခွင့်လိုင်စင် လျှောက်ထားနိုင်တော့မည်ဖြစ်သည်။
နယူးယောက်တိုင်းမ်သတင်းဖော်ပြချက်အရ Uber ကဲ့သို့ပို့ဆောင်ရေး အက်ပလီကေးရှင်းအသုံးပြု၍ လိုင်စင်လျှောက်ထားရာတွင် ယာဉ်မောင်းအနေဖြင့် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရန် မလိုတော့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ အငှားယာဉ်မောင်းဈေးကွက်တွင် နိုင်ငံရပ်ခြားမှ ပြောင်းရွှေ ့အခြေချလာသူများက ကြီးစိုးထားသည်။၂ဝ၁၆ ခုနှစ်တွင် နယူးယောက်မြို့ရှိ အဝါရောင်အငှားယာဉ်များ၏ ယာဉ်မောင်း ၄ ရာခိုင်နှုန်းခန့်သာ အမေရိကန်နိုင်ငံ၌ မွေးဖွားသူများဖြစ်ပြီး ကျန်သူများအနက် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား ၂၄ရာခိုင်နှုန်း နှင့် ပါကစ္စတန်နွယ်ဖွား ၁ဝ ရာခိုင်နှုန်းထိ အသီးသီးရှိနေကြောင်း နယူးယောက်မြို့တော် အငှားယာဉ် နှင့် ဇိမ်ခံကားကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.