Connect with us

North America

လက်နက်ရောင်းချခြင်းတားမြစ်သည့် အမိန့်သက်တမ်းတိုးရန် အမေရိကန်ကွန်ဂရက်အား မက္ကဆီကို တောင်းဆို

အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်တွင် SHOT လက်နက်အရောင်းပွဲတော်ကျင်ပနေစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသို့တရားမဝင် လက်နက်ရောင်းချနေခြင်းကို အမေရိကန်လွှတ်တော်က ကန့်သတ်ထိန်းချုပ်ပေးရန် နှင့် ယင်းသို့တရားမဝင်လက်နက်များရောင်းချနေခြင်းကြောင့် နယ်စပ်ဒေသတွင် နှစ်နိုင်ငံစလုံးအတွက် ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း မက္ကဆီကိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Claudia Ruiz Massieu က သြဂုတ်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပနေသည့် ကုလသမဂ္ဂ စစ်လက်နက်ရောင်းဝယ်ရေးနိုင်ငံအဖွဲ့ဝင်များ ဒုတိယအကြိမ် ညီလာခံတွင် Ruiz Massieu က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အဆိုပါ လက်နက်မှောင်ခိုမှုအပေါ် “ ထိပ်တန်းဦးစားပေးကိစ္စ” အဖြစ် Ruiz Masieu ကပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ မက္ကဆီကို နိုင်ငံ နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အမေရိကန်နိုင်ငံ နယ်စပ်မြို့များရှိ လက်နက်အရောင်းဆိုင်များမှ လက်နက်များကို မက္ကဆီကို နိုင်ငံအတွင်းသို့တရားမဝင်မှောင်ခို တင်သွင်းမှုများ ရှိနေသည်။
ဂျီနီဗာညီလာခံတွင် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက “ ကျွန်မတို့နိုင်ငံအနေနဲ့လက်နက်မှောင်ခိုမှုကို ပိတ်ပင်ဖို့ဦးစားပေးလုပ်ကိုင်နေပါတယ်။ လက်နက်မှောင်ခိုသမားတွေဟာ စီးပွားရေးအရ ချက်ခြင်းအကျိုးအမြတ် ရရှိနေကြပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို ပြင် မက္ကဆီကို နိုင်ငံသည် လက်နက်မှောင်ခိုမှုများ အပါအဝင် ယင်းနှင့်ဆက်စပ်နေသည့် အကြမ်းဖက်မှုများကို ခါးစည်းခံရသည့် သားကောင်နိုင်ငံဖြစ်နေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၌ ၁၉၉၄ ခုနှစ်တွင် ပြည်ထောင်စုလက်နက်ရောင်းချရေးပိတ်ပင်မှုဥပဒေကို သမ္မတ ဘီလ်ကလင်တန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါ ပိတ်ပင်မှုသည် ၂ဝဝ၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်း အမျိုးမျိုးသော အကြောင်းတရားများကြောင့် အသစ်ပြန်လည် သက်တမ်းတိုးခဲ့ခြင်း မရှိကြောင်း သိရသည်၊(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.