Connect with us

North America

မက္ကဆီကို ဘိန်းဘုရင်၏သား ပြန်ပေးဆွဲခံရ

မက္ကဆီကိုနိုင်ငံ ဘိန်းဘုရင် Guzman အား အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးလာစဉ်(ဆင်ဟွာ)

မက္ကဆီကို ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ထောင်တွင်းအကျဉ်းချခံထားရသည့် မက္ကဆီကိုဘိန်းဘုရင် ဂျိုးအားချင်းဂူစမန် (Joaquin EI Chapo Guzman) ၏ သားတစ်ဦးသည် မက္ကဆီကိုနိုင်ငံအနောက်ပိုင်း Puerto Vallarta မြို့၌ပြန်ပေးဆွဲခြင်းခံလိုက်ရသူ ၆ ဦးတွင် ပါဝင်နေကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၁၆ ရက်တွင် အတည်ပြုပြောကြားသည်။

မက္ကဆီကို ဘိန်းဘုရင်၏သားဖြစ်သူ ဂူစမန်ဆလာဇာ (Jesus Alfredo Guzman Salarzar) သည် Puerto Vallarta မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ပြန်ပေးဆွဲခံရသည့် လူ ၆ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်းတို့အား လက်နက်ကိုင် ၇ ဦးလိုက်ပါလာသည့် ပစ်ကပ်ကားများဖြင့် သြဂုတ်လ၁၅ ရက် အာရုဏ်ဦးတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။
“ ဘိန်းဘုရင် ဂူစမန်ရဲ့သား အသက် ၂၉ နှစ်အရွယ်ရှိ ဂူစမန်ဆာလာဇာ ပြန်ပေးဆွဲခံရတာပါ။ အဲဒီကိစ္စကို အတည်ပြုပါတယ်” ဟု Jalisco ပြည်နယ်ရှေ့နေချုပ် Eduardo Almaguer က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ နဲ့ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီကားဟာ ပြန်ပေးသမားတွေရဲ့ ကားဆိုတာ သေချာပါတယ်” ဟု Almaguer က ဆက်ပြောသည်။
လက်ရှိအချိန်တွင် အဖမ်းခံထားရသူများထဲမှ လေးဦးကိုမူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးသွားသူများမှာ နိုင်ငံမြောက်ပိုင်း Chihuahua ပြည်နယ် အကျဉ်းထောင်၌ ထောင်တွင်းအကျဉ်းချခံထားရပြီး အမေရိကန်နိုင်ငံသို့ရာဇဝတ်မှုဖြင့် လွှဲပြောင်း ပေးခံရမည့် ဘိန်းဘုရင် ဂူစမန်၏ ပြိုင်ဖက်အဖွဲ့မှဖြစ်ပြီး Jalisco New Generation အမည်ရှိ ဂိုဏ်အဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများအရ ရှေ့နေချုပ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.