Connect with us

Asia

အိန္ဒိယနိုင်ငံက ဒုံးပျံသစ်တစ်စင်း စမ်းသပ် ပစ်လွှတ်မှုအောင်မြင်

အိန္ဒိယနိုင်ငံ၌ ဒုံးပျံစမ်းသပ်ပစ်လွှတ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၈ ရက်က (SCRAMJET) ဒုံးပျံသစ် တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ Sriharikota အာကာသဒုံးပျံ ပစ်လွှတ်စင် မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံသစ် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ခြင်းသည် အမေရိကန်ပြည်ထောင်စု နှင့် သြစတြေးလျနိုင်ငံများနှင့် အာကာသဆိုင်ရာ နည်းပညာပူးပေါင်းလုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံ အတွက် အာကာသဒုံးပျံလွှတ်တင်မှုတွင် ကုန်ကျစရိတ်များစွာ သက်သာလာနိုင်ကြောင်း ဆိုထားသည်။

၎င်းဒုံးပျံစမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယအစိုးရကလုပ်ကိုင်ဆောင်ရွက်နေသည့် အိန္ဒိယအာကာသသုတေသနအဖွဲ့(ISRO) မှ ဒုံးပျံကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ အဲဒီစမ်းသပ်မှုဟာ ခမ်းနားကြီးကျယ်တဲ့အောင်မြင်မှုပါပဲ” ဟု ISRO အဖွဲ့အကြီးအကဲ Kiran Kumar က သတင်းသမားများအားပြောကြားခဲ့သည်။ အလေးချိန် ၃ တန်ရှိ SCRAMJET ကို ခေတ်မီနည်းပညာသုံးအာကာသယာဉ် တစ်စင်းဟု ခေါ်ဆိုကြပြီး အဆိုပါ ဒျံးပျံသည် လောင်စာလောင်ကျွမ်းမှုအတွက် သီးသန့်လောင်စာနှင့်အောက်ဆီဒိုက်ဇာ ကို အသုံးပြုရန် မလိုဘဲ ၎င်းတို့အစား လေထုထဲမှအောက်ဆီဂျင်ကို လောင်ကျွမ်းစေသောနည်းဖြင့် အသုံးပြုထားကြောင်းသိရသည်။

အဆိုပါ နည်းပညာကိုအသုံးပြုခြင်းဖြင့် ဒုံးပျံသည် အလေးချိန်များစွာသယ်ပိုးရခြင်းကို လျှော့ချနိုင်ပြီး များစွာအကျိုးကျေးဇူးရနိုင်ကြောင်း နှင့် အာကာသခရီးစဉ်ကုန်ကျစရိတ်ကို များစွာ သက်သာစေကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ သမ္မတ Pranab Mukherjee က ဒုံးပျံအောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည့်အပေါ် အာကာသအေဂျင်စီသို့ချီးကျူးစကားဆိုခဲ့သည်။

“ ဒုံပျံးသစ်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တဲ့အတွက် ISRO အဖွဲ့ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ အိန္ဒိယနိုင်ငံက သင်တို့အတွက် ဂုဏ်ယူပါတယ်” ဟု ချီးကျူးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.