Connect with us

Asia

အိန္ဒိယ ထိန်းချုပ်နယ်မြေ ကက်ရှ်မီးယားဒေသတွင် ၅၂ ရက် ကြာပြီးနောက် ညမထွက်ရအမိန့် ရုပ်သိမ်း

အခြေစိုက်စခန်းသို့ ပြန်သွားသည့် အိန္ဒိယ စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်း၌ ၅၂ ရက်ကြာ ညမထွက်ရ အမိန့်အား သြဂုတ်လ ၂၉ ရက်တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်းက အသက် ၂၂ နှစ်အရွယ် ဘာဟန် ဝါနီဟူသော စစ်သွေးကြွ တစ်ဦးအား အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့က ပစ်သတ်ခဲ့သောကြောင့် ဆူပူအုံကြွမှု ဖြစ်လာခဲ့ပြီးနောက် လူပေါင်း ၇၀ ကျော် သေဆုံးကာ ၇,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယခုလို ညမထွက်ရ အမိန့်အား ပြဿနာများ ဖြစ်ပွားခဲ့သည့် ပါလ်ဝါးမာ ခရိုင်နှင့် ပြည်နယ် မြို့တော် ဆရီနာဂါး ၏ အချို့နေရာမှလွဲ၍ အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတော်တော်များများတွင် ရုပ်သိမ်းလိုက် ခြင်း ဖြစ်သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ ပုဒ်မ ၁၄၄ အရ တရားဝင် ခွင့်ပြုချက်မရဘဲ လူ ၁၀ ဦးနှင့် အထက် စုဝေးခွင့်မရှိဟူသော ကန့်သတ်ချက်ကိုမူ ဒေသအတွင်း သက်ရောက်မှု ရှိနေဦးမည် ဖြစ်သည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက တစ်စုံတစ်ယောက်၏ အသက် ဆုံးရှုံးခြင်းသည် အိန္ဒိယ၏ ဆုံးရှုံးခြင်း ဖြစ် ကြောင်း၊ စည်းလုံးခြင်းနှင့် စာနာရိုင်းပင်းမှုများနှင့် စပ်လျဉ်းသည့် မိန့်ခွန်းအား လစဉ် ရေဒီယို၌ ထည့်သွင်း ပြောကြားခဲ့ပြီး နောက်တစ်နေ့တွင် ယခုလို ညမထွက်ရ အမိန့် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.