Asia
တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုအနီးတွင် လူသေ အလောင်း ၉ လောင်းတွေ့ရှိ
တိုကျို ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံတွင် အင်အားပြင်းထန်သော Lionrock တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခံရပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နိုင်ငံမြောက်ပိုင်း Iwate စီရင်စု Iwaizumi မြို့ရှိ ဘိုးဘွားရိပ်သာ တစ်ခုအနီး၌ လူသေအလောင်း ၉ လောင်းကို သြဂုတ်လ ၃၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃ဝ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့သော Lionrock တိုင်ဖွန်းမုန်တိုင်းသည် ယခုနှစ်ရာသီအတွင်း ဂျပန်နိုင်ငံကို ဖြတ်၍ တိုက်ခတ်ခဲ့သော ၁ဝ လုံးမြောက် မုန်တိုင်းဖြစ်ပြီး ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ နယ်မြေများတွင် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များပြုလုပ်ရန် သက်ဆိုင်ရာက အမိန့်ပေးထားကြောင်း သိရသည်။(ဆင်ဟွာ)