Connect with us

Asia

အိန္ဒိယ၌ ရက်တိုးနေမည့် ဂျွန်ကယ်ရီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး(ယာ) နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး(ဝဲ) တို့အား အတူတကွတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အိန္ဒိယ၌ သတ်မှတ် ရက်ထက်ပို၍ ရက်တိုးမြှင့် နေထိုင်သွားရန် ရှိကြောင်း အိန္ဒိယအရာရှိများက စက်တင်ဘာ ၁ ရက်တွင်ပြောကြားသည်။

ဂျွန်ကယ်ရီသည် သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သြဂုတ်လ ၂၉ ရက် ညနေပိုင်းက အိန္ဒိယနိုင်ငံသို့ဆိုက်ရောက်ခဲ့ပြီး သြဂုတ်လ ၃၁ ရက် ညပိုင်းတွင် အမေရိကန်နိုင်ငံဝါရှင်တန်မြို့သို့ပြန်လည် ထွက်ခွာရန် မူလက စီစဉ်ထားသည်။
သို့သော် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်ရန် စောင့်ဆိုင်းရင်း ကယ်ရီသည် အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၂ ရက် (သို့မဟုတ်) စက်တင်ဘာ ၃ ရက်ထိ တိုးမြင့်နေထိုင်သွားဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ၏ ပြောဆိုချက်ကို ကိုးကား၍ ပြည်ပသတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာလ ၄ ရက် မှ ၅ ရက်ထိ လက်ခံကျင်းပသွားမည့် G20 ထိပ်သီးဆွေးနွေးပွဲကို ဂျွန်ကယ်ရီသည် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမား နှင့်အတူ တက်ရောက်ရန်ရှိ နေသည်။
“ ကယ်ရီဟာ ကျန်ရှိနေတဲ့အချိန်ကို အိန္ဒိယမှာ ဆက်ပြီးနေသွားဖို့စဉ်းစားနေဆဲပါပဲ” ဟု Toner ကဆိုသည်။
သြဂုတ်လ ၃ဝ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အမေရိကန်-အိန္ဒိယ မဟာဗျူဟာ နှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဂျွန်ကယ်ရီသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး Penny Rritzker ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sushma Swaraj ၊ အိန္ဒိယကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးNirmala Sitharaman တို့နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကယ်ရီသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ နှင့်လည်း စက်တင်ဘာလ ၃၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.