Connect with us

Asia

သီရိလင်္ကာ သမ္မတ၏ ဝက်ဘ်ဆိုဒ်အား ဟက်ကင်း (hacking) လုပ်သူ ဒုတိယမြောက် သံသယရှိသူအား ဖမ်းဆီး

ဝက်ဘ်ဆိုဒ် တစ်ခုအား ဟက်ကင်း (hacking) ပြုလုပ်ခြင်းအား သရုပ်ဖော်ထားစဉ် (ဓာတ်ပုံ- အင်တာနက်)

ကိုလမ်ဘို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာ သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုဒ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်က တရားမဝင် ဝင်ရောက်ကာ အချက်အလက်များ ခိုးယူခဲ့မှုတွင် ဒုတိယမြောက် ကျူးလွန်သူဟု ယူဆရသူအား သီရိလင်္ကာ ရဲတပ်ဖွဲ့က သြဂုတ်လ ၃၀ ရက်က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယခုလို ဖမ်းဆီးရမှုသည် အသက် ၁၇ နှစ်အရွယ် ကျောင်းသား တစ်ဦးအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဋ္ဌာန (CID) က ထိန်းသိမ်းခဲ့ပြီးနောက် နာရီများအကြာတွင် ယခုလို ဖမ်းဆီးမှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကိုလမ်ဘိုမြို့ မိုရာတူဝါ ရပ်ကွက်တွင် အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားအား ဖမ်းဆီးမိခဲ့ပြီး စစ်ဆေး မေးမြန်းလျက်ရှိကြောင်း ရဲတပ်ဖွ့ဲက ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတ၏ တရားဝင် ဝက်ဆိုဒ်အား ဝင်ရောက် ဟက် (hack) ခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦး အား ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း သိရသည်။
သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် “Sri Lankan Youth” ဟု အမည်ပေးထားသည့် အဖွဲ့ တစ်ဖွဲ့သည် သီရိလင်္ကာ သမ္မတနှင့် အခြား အစိုးရ ဝက်ဘ်ဆိုဒ် အနည်းငယ်အား တရားမဝင် ဝင်ရောက်ကာ သတင်းအချက် အလက် ရယူခဲ့သည်။
ယင်း ဟက်ကာများသည် အင်တာနက် စာမျက်နှာပေါ်တွင် ဒေသခံ သီရိလင်္ကာ ဘာသာစကားဖြင့် ရေးသား ထားသည့် ကြေညာချက်တစ်စောင် တင်ခဲ့ပြီး နာရီ အနည်းငယ်အကြာတွင် ယင်း ဝက်ဘ်ဆိုဒ်အား အသုံးပြု၍ မရတော့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117