Connect with us

Local

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ITC ကတ်ဖြင့် အများဆုံးကုန်သွယ်မှုပြုနိုင်

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် ITC ဖြင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ တမူးနယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်ပြီး ငွေကျပ်သန်း ၃ဝဝ ခန့် ကုန်သွယ် ခဲ့ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

ထို့ပြင် တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် ဖြင့် မူဆယ်၊ မြဝတီနှင့် တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ စခန်းတစ်ခုလျှင် ငွေကျပ် သန်း ၂၈ဝ ကျော် ကုန်သွယ်ခဲ့ကြောင်း၊ တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် ဖြင့် နယ်စပ် ကုန်သွယ်ရေးစခန်း ၂ဝ ခုတွင် ကုန်သွယ်ခွင့် ခွင့်ပြုထားပြီး သွင်းကုန် ငွေကျပ် ၁.၉ ဘီလီယံ တင်သွင်းထားကာ ပို့ကုန် ငွေကျပ် သန်း ၄ဝဝ ထိ တင်ပို့ထား ကြောင်း သိရသည်။

ITC ကတ်ဖြင့် ကုန်သွယ်မှု ဆိုသည်မှာ ကုမ္ပဏီ ထူထောင်နိုင်သည့် တစ်ဦးချင်း လုပ်ငန်းရှင်များကို ကုန်သွယ်ခွင့် ပြုသည့်ကတ် ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ နယ်စပ်စခန်း များရှိ လျှပ်စစ်ပစ္စည်း များနှင့် လူသုံးကုန် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းပြီး မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန် ပစ္စည်းများကို ပြန်လည်တင်ပို့ ကြကြောင်း သိရသည်။ ၂ဝ၁၅ – ၂ဝ၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ဖြင့် ကုန်သွယ်မှုမှ ငွေကျပ် ၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ဖြင့် ကုန်သွယ်ခွင့် ကို ၂ဝ၁၂ ခုနှစ်က စတင် ခွင့်ပြုခဲ့ပြီး စတင် ခွင့်ပြုချိန်က တစ်ပတ်လျှင် ငွေကျပ် သိန်း ၁ဝဝ အထိ ကုန်သွယ်ခွင့်ပြုခဲ့ကြောင်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဦးချင်းစီ ကုန်သွယ်ခွင့် ကတ် ITC ဖြင့် ပြည်ပနိုင်ငံ များနှင့် ကုန်သွယ်မှုမှာ ငွေကျပ် ၂ .၃ ဘီလီယံကျော် ရှိပြီး တမူး၊ မူဆယ်၊ မြဝတီ နှင့် တာချီလိတ် နယ်စပ် ကုန်သွယ်ရေး
စခန်းများမှ အများဆုံး ကုန်သွယ်ထား ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.