Connect with us

Local

ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ မျှဝေ ခံစားရေးအတွက် အခွင့်အလမ်းနှင့် အနာဂတ် ခေါင်းစဉ်ဖြင့် ကုန်စည်ပြပွဲကျင်းပ

ပဉ္စမအကြိမ် တရုတ်-ယူရေးရှားကုန်စည်ပြပွဲကျင်းပမည့်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ မျှဝေ ခံစားရေးအတွက် အခွင့်အလမ်းနှင့် အနာဂတ် ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ် တရုတ်-ယူရေးရှားကုန်စည်ပြပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အုရုံမူချီမြို့၌ ကျင်းပလျက်ရှိသည်။

အဆိုပါ ပဉ္စမအကြိမ် တရုတ်-ယူရေးရှားကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ပြန်ကြားရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် တက်ရောက်ခဲ့သည်။

အဆိုပါကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ဒေသ၊ ရှင်ကျန့်-ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် အုရုံမူချီမြို့ရှိ ရှင်ကျန့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက် အထိ ကျင်းပမည်ဖြစ်သည်။

ယင်းပြပွဲ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်း၊ စိုက်ပျိုးရေးစပျစ်ဝိုင်နှင့် စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်နှင့်အိမ်ဆောက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ စက်ပစ္စည်းနှင့် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း၊ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းစသည်ဖြင့် ဒေသတွင်းရှိ နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၁၉၂ တို့မှ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်း ချမည်ဖြစ်သည်။

ယခုနှစ်ကျင်းပသော ကုန်စည်ပြပွဲ အကြို အဖြစ် နိုင်ငံတကာမှ ဝန်ကြီးများအဆင့် ဖိုရမ်နှင့်ဆွေးနွေးပွဲ ၁၅ ခု ကိုလည်း ပူးတွဲကျင်းပခဲ့ရာ ပြည်တွင်း၊ပြည်ပမှ ကိုယ်စားလှယ် စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.