Connect with us

Eastern Europe

တူရကီ၌ အရေးပေါ်အခြေအနေကို နောက်ထပ် သုံးလ သက်တမ်းတိုး

တူရကီအာဏာသိမ်းမှုတွင်ဆန္ဒပြနေသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ၏ အရေးပေါ်အခြေအနေကို နောက်ထပ်သက်တမ်း ၃ လ ထပ်မံတိုးလိုက်ကြောင်း တူရကီ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က အောက်တိုဘာလ ၃ ရက်တွင်ပြောကြားချက်ကို ကိုးကား၍ Anadolu သတင်းဌာနက ဖော်ပြသည်။

အမျိုးသားလုံခြုံရေးကောင်စီ၏ အကြံပြုချက်ဖြင့် နိုင်ငံ၏အရေးပေါ်အခြေအနေကို နောက်ထပ် သက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်း Kurtulmus က သတင်းသမားများအား ပြောကြားခဲ့သည်။

တူရကီသမ္မတ Erdogan ၏ တိုက်ရိုက် ညွှန်ကြားမှုဖြင့် အန်ကာရာမြို့၌ စက်တင်ဘာလ ၂၈ ရက်က တူရကီအမျိုးသားလုံခြုံရေးကောင်စီသည် ၆ နာရီကျော်ကြာ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း ၊ အဆိုပါ အစည်းအဝေးတွင် တူရကီနိုင်ငံ၏ အရေးပေါ်အခြေအနေကို နောက်ထပ် သုံးလ သက်တမ်းတိုးရန် အတည်ပြုခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ၌ လူပေါင်း ၂၄ဝ ကျော်သေဆုံးပြီး ၂၂ဝဝကျော်ဒဏ်ရာရခဲ့သည့် မအောင်မြင်သော အာဏာသိမ်းမှုအပြီးတွင် ဇူလိုင်လ ၂ဝ ရက်က တိုင်းပြည်အား အရေးပေါ်အခြေအနေကြေညာခဲ့သည်။

တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏ အရေးပေါ်အခြေအနေကို အနည်းဆုံး ၆ လအထိ ကြေညာနိုင်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် အာဏာသိမ်းမှုကို နောက်ကွယ်ကကြိုးကိုင်ခဲ့သည့် အမေရိကန်နိုင်ငံ၌ ခိုလှုံနေသူ တူရကီ Gulenist Terror Group( FETO) ၏ ခေါင်းဆောင် Fetullah Gulen အား ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်နိုင်ငံသို့တောင်းဆိုထားကြောင်း တူရကီဒုတိယဝန်ကြီးချုပ် က ဆိုသည်။

“ ပြစ်မှုကျူးလွန်ထားတဲ့ FETO ခေါင်းဆောင်အရေးနဲ့ပတ်သက်ပြီး အမေရိကန်အာဏာပိုင်တွေဟာ ဘာလုပ်ဖို့လိုအပ်လည်းဆိုတာကို ကောင်းကောင်း သဘောပေါက်လိမ့်မယ်လို့တူရကီက မျှော်လင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.