Connect with us

Eastern Europe

ဂျွန်ကယ်ရီ၏ မှတ်ချက်စကားအပေါ် ဒေါသတစ်ကြီး တုံ့ပြန်လိုက်သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

“ ရုရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတွေ့နိုင်တယ်” ဟူသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မှတ်ချက်စကားအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အလွန်အမင်း ဒေါသတစ်ကြီး တုံ့ပြန်လိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်က မိန့်ခွန်းပြောကြားရာတွင် ” ဆီရီးယားနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေမယ်ဆိုရင် အကြမ်းဖက်သမားတွေဟာ ရုရှားနိုင်ငံရဲ့ အကျိုးစီးပွားကို တိုက်ခိုက်ဖို့ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရုရှားရဲ့ မြို့ကြီးတွေတောင်အကြမ်းဖက်တိုက်ခိုက် ခံရနိုင်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

“ ရုရှားမြို့ကြီးတွေကို အကြမ်းဖက်တိုက်ခိုက်မယ်ဆိုရင် သံတမန်ကျင့်ဝတ်ကို ကျော်လွန်ရုံ သက်သက်မဟုတ်ဘဲ အမေရိကန်ရဲ့ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်စရာတွေလည်း တိုး မြင့်လာနိုင်ပါတယ်” ဟု စက်တင်ဘာ ၃ဝ ရက်က ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov ၏ ပြောဆိုချက်ကို ကိုးကား၍ RIA နော်ဝေသတင်းဌာန က ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တစ်နာရီခွဲကျော်ကြာ ဖုန်းဖြင့် ဆွေးနွေးမှုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ၏ ပြောဆိုချက်ကို Ryabkov က ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ ဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း ဝန်ကြီး Lavrov က ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါသောအကြောင်းအရာအားလုံးကို အမေရိကန်နိုင်ငံနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု Ryabkov က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.