Connect with us

Asia

နတ်ရွာစံထိုင်းဘုရင်ဓာတ်ပုံအား ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံရုံးတွင် ဝန်ကြီးချုပ်ဟွန်ဆန် သွားရောက် ဂါရဝပြု


ဖနွမ်းပင် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်သည် ယနေ့အောက်တိုဘာလ ၁၇ရက် တွင် ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံရုံးသို့သွားရောက်၍ နတ်ရွာစံထိုင်းဘုရင်ဘူမီဘော၏ ပုံတူဓာတ်ပုံကို ဂါရဝပြုခဲ့ကြောင်း သိရသည်။

ထိုင်းသံရုံး၏ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဘုရင်ဘူမီဘောနတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းရေးထိုးခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံရုံးတွင် လွမ်းသူ့ပန်းခွေချနေသော ဝန်ကြီးချုပ်ဟွန်ဆန် အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

“နတ်ရွာစံထိုင်းဘုရင်ကြီးရဲ့ မိဖုရား နဲ့ ထိုင်းတော်ဝင် မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲမှု နဲ့စာနာထောက်ထားမှုတွေကို ကမ္ဘောဒီးယားပြည်သူနဲ့ကမ္ဘောဒီးယားတော်ဝင်မိသားစုကိုယ်စား ကျွန်တော်က ပြောချင်ပါတယ်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှာ နတ်ရွာစံခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးဘုရင်တစ်ပါးဖြစ်တဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူလျာဒတ် အတွက် ထိုင်းအစိုးရ နဲ့ထိုင်းပြည်သူတွေနည်းတူ ထပ်တူထပ်မျှ ကြေကွဲရပါတယ်” ဟု ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ဝန်ကြီးချုပ်ဟွန်ဆန်က ရေးသားခဲ့သည်။

“ ဘုရင်ဘူမီဘောနတ်ရွာစံခြင်းဟာ ထိုင်းနိုင်ငံနဲ့ထိုင်းပြည်သူတွေအတွက်သာမက တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ဘုရင်ကြီးရဲ့ မိတ်ဆွေရင်းခြာ အားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုးံမှုကြီးပါပဲ ” ဟု ဟွန်ဆန်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.