Connect with us

Asia

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စများ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဂိုအာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်တွင် တွေ့ဆုံကာ ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအဖြစ် တွန်းအားပေး လုပ်ဆောင်သွားကြမည်ဟု မျှော်လင့်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အစဉ်အလာရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် နယ်ပယ်စုံ၌ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအား ရှေ့ဆက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း BRICS ထိပ်သီး အစည်းအဝေးနှင့်အတူ တွဲလျက်ပြုလုပ်သည့် နှစ်နိုင်ငံ အစည်းအဝေး၌ တရုတ် သမ္မတ ရှီက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

လက်ရှိလုပ်ဆောင်နေသည့် စီမံကိန်းများကြီးများ၊ စက်မှုဇုန်များ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး၊ ပညာရေး၊ ဆေးဝါးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ ဗုဒ္ဓသာသနာနှင့် ဒေသတွင်း ကိစ္စရေးရာများအား ပူးပေါင်းဆောင်ရွက်ရန် ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ ခိုင်မာသော မဟာဗျူဟာကျ ဆက်သွယ်ရေးနှင့် အဆင့်မြင့် ဖလှယ်မှုများ ထိန်းသိမ်းရေး စသည်တို့၌ သြဂုတ်လက သဘောတူညီမှုအား အလေးအနက်ထား အကောင်အထည်ဖော်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ ပြည်သူများ၌ ကြာမြင့်စွာကပင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီး ဖြစ်သည့် ချစ်ကြည်ရင်းနှီးမှု ရှိကြောင်း၊ တရုတ်နိုင်ငံသည် အရေးပါသည့် အိမ်နီးချင်းကောင်းဖြစ်သလို အဆင့်မြင့် ဖလှယ်မှုများ ထိန်းသိမ်းသွားရန် မရှိမဖြစ် အရေးပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ကာလရှည် ထောက်ပံ့ပေးမှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ၌ နှစ်နိုင်ငံ အကျိုးအမြတ်ရှိစေမည့် စီမံကိန်းများအား မြန်ဆန်စွာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် BRICS ခေါင်းဆောင်များနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.