Connect with us

Videos

ပထမဆုံး တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်အား ပဲခူးတိုင်း ဒေသကြီးအတွင်း စတင် ဖွင့်လှစ်

ပဲခူး ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပညာရေးအပေါ် အကူအညီပေးသော ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်အဖြစ် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ မဟာပညာဗိမ္မာန် ပရဟိတ သင်တန်းကျောင်း၌ ပထမဆုံး “တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”အား အောက်တိုဘာလ ၂၀ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရ၏ အလေးထားမှုနှင့် အားပေးမှု အဖြစ် ထို ကျောင်းဆောင်သစ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဦးနု+ဒေါ်မြရီ ဖောင်ဒေးရှင်းသို့ ဆောက်လုပ် လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာငွေကျပ် သိန်း ၇၆၀ အကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ထို့အတူ ကျောင်းဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက် ထောက်ပံ့ပေးရန် မြန်မာကျပ်ငွေ သိန်း ၂၀၀ ကို ပညာသင်ဆု၊ ထောက်ပံ့ငွေအဖြစ် တရုတ်သံရုံးမှ လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံ တည်ဆောက်ရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် အတွက် လိုအပ်သည့် လူတော်လူကောင်းများကို ကူညီ ပျိုးထောင်ပေးနိုင်ရန် ၊ မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို တိုးတက်လာအောင် ကူညီပေးရန် ထိုသို့လှူဒါန်း ရခြင်း ဖြစ်ကြောင်း ၊မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူတော်အရင်းအမြစ်များ တိုးပွားလာစေရန် အဆက်မပြတ် အားပေး ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

ယခု စီမံကိန်းအပြင် မြန်မာနိုင်ငံရှိ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း တရုတ်နိုင်ငံမှ မြန်မာ့ ပညာရေးအား အကူအညီပေးသော ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်ကို ထူထောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.