Connect with us

Videos

ယန်ဇီမြစ်တလျှောက် ရေကြီးရေလျှံမှုကိုကာကွယ်ပေးနိုင်သော နံရံတပ်ဆင်

ဝူဟန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ယန်ဇီမြစ်ကမ်းတစ်လျှောက် ရေကြီးမှုကို ကာကွယ်ပေးနိုင်သော နံရံကိုတပ်ဆင်အသုံးပြုနေပြီဖြစ်သည်။ ထိုသို့ ရေကြီးမှုကို ကာကွယ်ပေးနိုင်အောင် ပြုလုပ်ထားသည့် နံရံကို သိပ္ပံပညာရှင်များက အချိန် ၅ နှစ် ကြာ အသုံးပြုကာ တီထွင်ထုတ်လုပ်ခဲ့သည်။ နံရံ ကို stainless steel များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ နံရံအပိုင်းတစ်ခုနှင့်တစ်ခုသည် ဖြုတ်နိုင်တတ်နိုင်အောင်စီစဉ်ထားပြီး အလူမီနီယံဖြင့် ရေကြီးမှု ကို ကာထားနိုင်သည့်အထူမျိုးရအောင်ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ ရေဒါဏ်ခံနိုင်မှုရှိမရှိလည်းစမ်းသပ်ခဲ့ပြီးဖြစ်သည့်အပြင် ရေအမြင့် ၁.၈ မီတာ အထိ ခံနိုင်ရည်ရှိမည်ဖြစ်ပြီး ရေစိမ့်ထွက်ကျခြင်းမရှိအောင်အထူးပြုလုပ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.