Europe
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား Bruyne နှာခေါင်းရိုး နှင့် ဘယ်မျက်ခွံရိုး ကျိုးသွားကြောင်း သိရ
လန်ဒန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)
UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲကစားချိန်အတွင်း ဒဏ်ရာရရှိ၍ လူစားလဲခဲ့ရသည့် မန်စီးတီးအသင်း ကွင်းလယ်အဓိကကစားသမား Bruyne သည် ပွဲပြီးချိန် စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် နှာခေါင်းရိုး နှင့် ဘယ်မျက်ခွံရိုး ကျိုးသွားခဲ့ကြောင်း မေ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။သို့သော် ယင်းဒဏ်ရာရရှိမှုကြောင့် ၎င်းအနေဖြင့် ဇွန်လလယ်ပိုင်းတွင် ယှဉ်ပြိုင်ကစားရမည့် EURO 2020 အပေါ် သက်ရောက်မှုရှိမရှိကို ထုတ်ပြန်ထား ခြင်းမရှိကြောင်းသိရှိရသည်။
မန်စီးတီးအသင်းအနေဖြင့် မေ ၂၉ ရက်၌ ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့တွင် UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်းကစားရာတွင် ချယ်လ်ဆီးအသင်းအား ၁ ဂိုး – ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဖလား မရရှိသေးသည့် အဖြစ်ကို မပယ်ဖျက်နိုင်ခဲ့ပါ။
Bruyne သည် ဒုတိယပိုင်းပွဲချိန်တွင် ချယ်လ်ဆီးအသင်း နောက်တန်းကစားသမား Antonio Rdiger ၏ တားဆီးမှုကို ခံခဲ့ရပြီး ကစားသမား နှစ်ဦး လူချင်းတိုက်မိသွားခဲ့ကြသည်။ ၎င်းအား ကစားကွင်းတွင် ဆေးဝါးကုသမှုအချိန်ကြာမြှင့်စွာ ဆောင်ရွက်ခဲ့သော်လည်း နောက်ဆုံးတွင် လူစားလဲခံလိုက်ရသည်။ Bruyne က မေလ ၃၀ ရက်၌ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မိမိအနေဖြင့် နှာခေါင်းရိုး နှင့် ဘယ်မျက်ခွံရိုး ကျိုးသွားပြီး လက်ရှိချိန်တွင် သက်သာသည်ဟု ခံစားရကြောင်း ၊ ယခင်နေ့ညအတွက် စိတ်ပျက်နေကြသည်မှာ သိသာသော်လည်း မိမိတို့ပြန်လာမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
Antonio Rdiger မှလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် Bruyne ဒဏ်ရာရရှိသွားသည့် အပေါ် ဝမ်းနည်းမိကြောင်း ၊ မိမိအနေဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ၊ မိမိအနေဖြင့်လည်း Bruyne နှင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း ၊ ၎င်းအနေဖြင့် အမြန်ဆုံး ပြန်လည်သက်သာလာရန် ဆုမွန်ကောင်းတောင်းပြီး အမြန်ဆုံး အားကစားကွင်းတွင် ပြန်လည်ဆုံတွေ့လိုကြောင်း ရေးသားဖော်ပြခဲ့သည်။
ပွဲစဥ်ဇယားအရ ဘယ်လ်ဂျီယံအသင်းသည် ဇွန်လ ၁၂ ရက်တွင် စိန့်ပီတာစဘတ် ၌ EURO 2020 ပထမဆုံးဗွေဆော်ဦးအုပ်စုပွဲစဉ်ကစားသွားရမည်ဖြစ်ပြီး ပြိုင်ဘက်အသင်းမှာ ရုရှားအသင်းဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
—————————————————-
(Chinese Version)
(体育•国际足球)曼城中场德布劳内鼻骨和左眼眶骨折
新华社伦敦5月30日电(记者张薇)在欧冠足球决赛中受伤下场的曼城中场大将德布劳内30日透露,他赛后被诊断为鼻骨和左眼眶骨折。不过,比利时人并未透露这一伤情是否会影响他出战6月中旬揭幕的欧锦赛。
曼城29日在葡萄牙波尔图进行的欧冠决赛中0:1不敌同样来自英超的切尔西,未能实现欧冠奖杯零的突破。德布劳内下半场遭切尔西后卫吕迪格阻挡后两人相撞,在场上接受了长时间治疗但随后还是被换下场。30日,德布劳内通过个人社交媒体透露,自己的鼻骨和左眼眶骨折,不过现在感觉还行。“显然还在为昨晚感到失望,但我们会回来。”
吕迪格随后也在个人社交媒体上对德布劳内的受伤表示抱歉。德国人强调,自己绝非有意为之,而且私下已经和德布劳内进行了联系。“我预祝他迅速康复,希望我们能早日在球场上再次见到他。” 依照赛程,比利时队将于6月12日在圣彼得堡进行他们的欧锦赛第一场小组赛,对手是俄罗斯队。(完)
Photo
资料图:曼城队球员德布劳内(上)在赛场上。新华社/路透